unicode
မင်းသားချော အောင်ရဲလင်းက ချောမောတဲ့ ရုပ်ရည်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မိန်းကလေးတွေကြားမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။
အောင်ရဲလင်းက ဗီဒီယိုနဲ့ ကြော်ငြာတွေကို တော်တော်များများ ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တာ နည်းပါးသွားပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးနေလျက်ရှိတာကို အားလုံးလည်း သတိထားမိကြမှာဖြစ်ပါတယ်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်အဖြစ် သက်မှတ်ခံထားရတဲ့ အောင်ရဲလင်းဟာ ဒီတစ်ခေါက်မှာတော့ ချစ်သူသစ်ရသွားခဲ့ပြီဖြစ်ပါတယ်။
အောင်ရဲလင်းရဲ့ ချစ်သူကောင်မလေးဟာ သူမတို့စုံတွဲရဲ့ ဓာတ်ပုံတွေကို Public မှာ ချပြခဲ့ပြီး တရားဝင်ချစ်သူတွေဖြစ်နေကြပြီလို့ ပွင့်ပွင့်လင်းလင်း အသိပေးခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးအတွက် အောင်ရဲလင်းတို့ ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
မင်းသား အောင်ရဲလင်းကတော့ (၂၀၂၂) ခုနှစ် နှစ်သစ်မှာပဲ ချစ်သူသစ်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ရဲလင်းရဲ့ အချစ်ရေးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
credit
zawgyi
credit
Leave a Comment