စေ့စပ်ပွဲ အမှတ်တရဓာတ်ပုံကို မလှလှအောင် ဉာဏ်များပြီး ရိုက်ခဲ့တဲ့ စုံတွဲ

စေ့စပ်ပွဲ အမှတ်တရဓာတ်ပုံကို မလှလှအောင် ဉာဏ်များပြီး ရိုက်ခဲ့တဲ့ စုံတွဲ

မိန်းကလေးတိုင်းဟာ အပြင်မှာရော ဓာတ်ပုံထဲမှာပါ လှချင်လွန်းလှတဲ့ လူတွေချည်းပါပဲ။ ဒီလိုလှချင်တဲ့ စိတ်က ကိုယ့်ဘဝရဲ့ အမှတ်တရဖြစ်မယ့် နေ့တွေမှာဆို ပိုဆိုးမယ် ထင်ပါတယ်နော်။

ဒီလိုလှချင်တဲ့ အထဲကမှ ပေါက်ပေါက်ရှာရှာ အတွေးမျိုးစဉ်းစားမိတဲ့ နေရာမှာတော့ Melbourne က အမျိုးသမီးတစ်ယောက်ကတော့ စံပါပဲ။ လက်ထပ်ခွင့် ဆိုတာဟာလည်း အခုနောက်ပိုင်း အမျိုးသားတွေက သူတို့ချစ်သူတွေကို ကြိုမပြောဘဲ ကြိတ်စီစဉ်ကာ surprise လုပ်ကြတာ မဟုတ်ပါလား။ ဒါကြောင့် အမျိုးသမီးတို့ဟာ ဘာဝတ်မယ် ဘာပြင်မယ် ဘယ်လိုလေးလှအောင် နေမယ်ဆိုတာ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရှိပါဘူး။

ဒါကြောင့်မို့ပဲ ပုံထဲက အမျိုးသမီးဟာ သူမချစ်သူ သူမကို လက်ထပ်ခွင့် တောင်းတဲ့အခါမှာ ဓာတ်ပုံရိုက်ဖို့အတွက် လက်သည်းအလှ မပြင်ရသေးတာကို သွားသတိရ မိလိုက်ပါတယ်။ ဒါနဲ့ပဲ ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကာ မလှလှအောင် ကြံဖန်ခဲ့ပါတယ်။

ဒါကတော့ ပွဲမှာရှိနေတဲ့ သူမရဲ့ဝမ်းကွဲညီမရဲ့လက်ကို ငှားကာ ဓာတ်ပုံရိုက်ခဲ့တာပါ။ ပုံထဲက စေ့စပ်လက်စွတ် ဝတ်ထားပြီး အနမ်းကို ကွယ်ထားတဲ့ လက်လေးဟာ သတို့သမီးလောင်းလေးရဲ့ လက်မဟုတ်တာကို အခုလိုပဲ မြင်ရမှာပါ။

ဒီကိစ္စဟာ Twitter မှာ လူပြောများနေပြီး တချို့ကတော့ အရေးပေါ်အခြေအနေမှာ ကြံကြံဖန်ဖန်အတွေးထွက်တတ်တဲ့ သူ့ကို ချီးကျူးကြသလို တချို့ကလည်း လက်သည်မဆိုးရသေးတာလေးကို ဘာဖြစ်လို့ အခုလို အကဲပိုနေရသလဲ တွေးလို့မရကြောင်း ဝေဖန်ထားပါတယ်။ တချို့အမျိုးသမီးများကတော့ “ဒါကြောင့် လက်သည်းပုံမှန်ဆိုးထားတာ” တို့၊ “ငါလိုနေတာဒီလိုသူငယ်ချင်းမျိုး” ဆိုပြီးလည်း Twitter မှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။

အပိုအလုပ်လို့ထင်တဲ့လူတွေက သူမတို့ ဓတ်ပုံကို အခုလိုပဲ ဟာသအနေနဲ့ ပြန်လည်ပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဖြစ် ပူပူနွေးနွေးစေ့းစပ်ပြီးခါက ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးလမ်း သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်။

celemmrnews

Zawgyi

ေစ့စပ္ပြဲ အမွတ္တရဓာတ္ပုံကို မလွလွေအာင္ ဉာဏ္မ်ားၿပီး ႐ိုက္ခဲ့တဲ့ စုံတြဲ

မိန္းကေလးတိုင္းဟာ အျပင္မွာေရာ ဓာတ္ပုံထဲမွာပါ လွခ်င္လြန္းလွတဲ့ လူေတြခ်ည္းပါပဲ။ ဒီလိုလွခ်င္တဲ့ စိတ္က ကိုယ့္ဘဝရဲ႕ အမွတ္တရျဖစ္မယ့္ ေန႔ေတြမွာဆို ပိုဆိုးမယ္ ထင္ပါတယ္ေနာ္။

ဒီလိုလွခ်င္တဲ့ အထဲကမွ ေပါက္ေပါက္ရွာရွာ အေတြးမ်ိဳးစဥ္းစားမိတဲ့ ေနရာမွာေတာ့ Melbourne က အမ်ိဳးသမီးတစ္ေယာက္ကေတာ့ စံပါပဲ။ လက္ထပ္ခြင့္ ဆိုတာဟာလည္း အခုေနာက္ပိုင္း အမ်ိဳးသားေတြက သူတို႔ခ်စ္သူေတြကို ႀကိဳမေျပာဘဲ ႀကိတ္စီစဥ္ကာ surprise လုပ္ၾကတာ မဟုတ္ပါလား။ ဒါေၾကာင့္ အမ်ိဳးသမီးတို႔ဟာ ဘာဝတ္မယ္ ဘာျပင္မယ္ ဘယ္လိုေလးလွေအာင္ ေနမယ္ဆိုတာ ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္မရွိပါဘူး။

ဒါေၾကာင့္မို႔ပဲ ပုံထဲက အမ်ိဳးသမီးဟာ သူမခ်စ္သူ သူမကို လက္ထပ္ခြင့္ ေတာင္းတဲ့အခါမွာ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ လက္သည္းအလွ မျပင္ရေသးတာကို သြားသတိရ မိလိုက္ပါတယ္။ ဒါနဲ႔ပဲ ဉာဏ္နီဉာဏ္နက္ေတြ ထုတ္ကာ မလွလွေအာင္ ႀကံဖန္ခဲ့ပါတယ္။

ဒါကေတာ့ ပြဲမွာရွိေနတဲ့ သူမရဲ႕ဝမ္းကြဲညီမရဲ႕လက္ကို ငွားကာ ဓာတ္ပုံ႐ိုက္ခဲ့တာပါ။ ပုံထဲက ေစ့စပ္လက္စြတ္ ဝတ္ထားၿပီး အနမ္းကို ကြယ္ထားတဲ့ လက္ေလးဟာ သတို႔သမီးေလာင္းေလးရဲ႕ လက္မဟုတ္တာကို အခုလိုပဲ ျမင္ရမွာပါ။

ဒီကိစၥဟာ Twitter မွာ လူေျပာမ်ားေနၿပီး တခ်ိဳ႕ကေတာ့ အေရးေပၚအေျခအေနမွာ ႀကံႀကံဖန္ဖန္အေတြးထြက္တတ္တဲ့ သူ႔ကို ခ်ီးက်ဴးၾကသလို တခ်ိဳ႕ကလည္း လက္သည္မဆိုးရေသးတာေလးကို ဘာျဖစ္လို႔ အခုလို အကဲပိုေနရသလဲ ေတြးလို႔မရေၾကာင္း ေဝဖန္ထားပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးမ်ားကေတာ့ “ဒါေၾကာင့္ လက္သည္းပုံမွန္ဆိုးထားတာ” တို႔၊ “ငါလိုေနတာဒီလိုသူငယ္ခ်င္းမ်ိဳး” ဆိုၿပီးလည္း Twitter မွာ ျပန္လည္မွ်ေဝထားခဲ့ပါတယ္။

အပိုအလုပ္လို႔ထင္တဲ့လူေတြက သူမတို႔ ဓတ္ပုံကို အခုလိုပဲ ဟာသအေနနဲ႔ ျပန္လည္ျပဳလုပ္ထားတာကိုလည္း ေတြ႕ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ျဖစ္ ပူပူေႏြးေႏြးေစ့းစပ္ၿပီးခါက ခ်စ္သူႏွစ္ဦးရဲ႕ အခ်စ္ခရီးလမ္း သာယာေျဖာင့္ျဖဴးပါေစလို႔ ဆုေတာင္းေပးပါတယ္။

celemmrnews

Leave a Reply

Your email address will not be published. Required fields are marked *