ကြီးမားလွန်းတဲ့ Mammothသိုးကောင်ရဲ့အရိုးစုကို သူ့မြေကွက်မှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့ လယ်သမားတစ်ဦး(ရုပ်သံ)

ကြီးမားလွန်းတဲ့ Mammothသိုးကောင်ရဲ့အရိုးစုကို သူ့မြေကွက်မှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့ လယ်သမားတစ်ဦး(ရုပ်သံ)

လယ်သမားကြီးတစ်ဦးဖြစ်တဲ့ James Bristle ဟာ မကြာသေးခင်က အမေရိကန်နိုင်ငံ Michiganပြည်နယ် ရှိ ပဲပုတ်စိုက်ခင်းအဖြစ်အသုံးပြုခဲ့တဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူခဲ့ပါတယ်။နောက်နေ့မှာ James နဲ့ သူ့သူငယ်ချင်းတစ်ဦးက မြေကွက်မှာ ထူးဆန်းပြီး ခန့်မှန်းရခက်တဲ့အရာတစ်ခုကို တွေ့တော့ ၎င်းမြေကွက်အသစ်ကို စစ်ဆေးနေခဲ့ပါတယ်။မြေဆီလွှာကို တူးဆွနေတုန်း James က ဟောင်းနွမ်းနေတဲ့အရာတစ်ခုကို ခြံစည်ရိုးအစုတ်လို့ထင်နေခဲ့ပေမဲ့ ပိုမိုနီးကပ်စွာ စူးစမ်းကြည့်ရင်းနဲ့ အရိုးလိုပုံစံဖြစ်နေတာကို တွေ့တော့ သူဟာ တစ်ဖြည်ဖြည်းတူးဆွကြည့်ဖို့ စိတ်အားထက်သန်လာခဲ့ပါတယ်။ထို့နောက် James က သူတို့တွေ့ရှိတဲ့အရာနဲ့ပတ်သက်တဲ့အကြောင်းကို ပြောပြနိုင်မယ့်လူတစ်ယောက်ကို ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Jamesက University of Michigan ရဲ့ပါမောက္ခ နှင့် Paleontology ပြတိုက်ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Daniel Fisher ကို ဆက်သွယ်ခဲ့ပြီး Daniel ကလည်း သူ့သုတေသီအဖွဲ့ဝင်များနှင့်အတူ ၎င်းထူးဆန်းတဲ့အရိုးကို ကူတူးခဲ့ကြပါတယ်။ Daniel က ၎င်း သိုးကောင်ကြီး Mammoth က လူတွေသတ်ဖြတ်ခဲ့တဲ့ အသေကောင်ဖြစ်ကြောင်းနှင့် သူ့ရဲ့ခန့်မှန်းချက်အရ ၎င်း Mammoth က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၀၀၀ ခန့်က ကွယ်လွန်ခဲ့ပြီး ၎င်းအသက် ၄၀ အရွယ်မှာ ကွယ်လွန်သွားပုံရကြောင်း ယူဆခဲ့ပါတယ်။

အဆိုပါတိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး ထွင်းထုသူတွေကို Paleo-Indians လို့ခေါ်ပြီး ၎င်းတို့က အဆိုပါတိရိစ္ဆာန်ကို အပိုင်းပိုင်းခွဲခြမ်းစိတ်ဖြာကာ မြေကြီးထဲကို သိုလှောင်ခဲ့ကြပုံရကြောင်း ထပ်မံယူဆထားခဲ့ပါတယ်။ Daniel က ၎င်းလောက်ကြီးတဲ့အရိုးစုကို ရှာဖွေတွေ့ရှိတာကို သူ့ဘဝမှာ ပထမဆုံးအချိန်ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ထို့နောက် လယ်သမားကြီး James ကလည်း ၎င်းအရိုးစုကြီးကို Michigan တက္ကသိုလ်သို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပြီး လူအများလည်း တအံ့တဩကြည့်ရှုနိုင်ရန်ဖြစ်ကြောင်း“ လူတွေအတွက် ထူးဆန်းနေမယ့်အရာကို လူအများသွားလာနိုင်တဲ့နေရာမှာ ပြသထားချင်တယ် ၊ ဒါမှ သမိုင်းကနေ ကျွန်တော်တို့ နောက်ထပ်လေ့လာနိုင်မှာပါ” လို့ ဆိုခဲ့ပါတယ်။

Mia (Mckzone Daily)

1.

2.

3.

4.

5.

6.

7.

8.

9.

Source : buzznicked

Zawgyi

ႀကီးမားလြန္းတဲ့ Mammothသိုးေကာင္ရဲ႕အ႐ိုးစုကို သူ႔ေျမကြက္မွာ အမွတ္မထင္ ေတြ႕ရွိခဲ့တဲ့ လယ္သမားတစ္ဦး(႐ုပ္သံ)

လယ္သမားႀကီးတစ္ဦးျဖစ္တဲ့ James Bristle ဟာ မၾကာေသးခင္က အေမရိကန္ႏိုင္ငံ Michiganျပည္နယ္ ရွိ ပဲပုတ္စိုက္ခင္းအျဖစ္အသုံးျပဳခဲ့တဲ့ ေျမကြက္တစ္ကြက္ကို ဝယ္ယူခဲ့ပါတယ္။ေနာက္ေန႔မွာ James နဲ႔ သူ႔သူငယ္ခ်င္းတစ္ဦးက ေျမကြက္မွာ ထူးဆန္းၿပီး ခန္႔မွန္းရခက္တဲ့အရာတစ္ခုကို ေတြ႕ေတာ့ ၎ေျမကြက္အသစ္ကို စစ္ေဆးေနခဲ့ပါတယ္။ေျမဆီလႊာကို တူးဆြေနတုန္း James က ေဟာင္းႏြမ္းေနတဲ့အရာတစ္ခုကို ၿခံစည္႐ိုးအစုတ္လို႔ထင္ေနခဲ့ေပမဲ့ ပိုမိုနီးကပ္စြာ စူးစမ္းၾကည့္ရင္းနဲ႔ အ႐ိုးလိုပုံစံျဖစ္ေနတာကို ေတြ႕ေတာ့ သူဟာ တစ္ျဖည္ျဖည္းတူးဆြၾကည့္ဖို႔ စိတ္အားထက္သန္လာခဲ့ပါတယ္။ထို႔ေနာက္ James က သူတို႔ေတြ႕ရွိတဲ့အရာနဲ႔ပတ္သက္တဲ့အေၾကာင္းကို ေျပာျပႏိုင္မယ့္လူတစ္ေယာက္ကို ေခၚဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

Jamesက University of Michigan ရဲ႕ပါေမာကၡ ႏွင့္ Paleontology ျပတိုက္ရဲ႕ ၫႊန္ၾကားေရးမႉးျဖစ္တဲ့ Daniel Fisher ကို ဆက္သြယ္ခဲ့ၿပီး Daniel ကလည္း သူ႔သုေတသီအဖြဲ႕ဝင္မ်ားႏွင့္အတူ ၎ထူးဆန္းတဲ့အ႐ိုးကို ကူတူးခဲ့ၾကပါတယ္။ Daniel က ၎ သိုးေကာင္ႀကီး Mammoth က လူေတြသတ္ျဖတ္ခဲ့တဲ့ အေသေကာင္ျဖစ္ေၾကာင္းႏွင့္ သူ႔ရဲ႕ခန္႔မွန္းခ်က္အရ ၎ Mammoth က လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၁,၀၀၀ ခန္႔က ကြယ္လြန္ခဲ့ၿပီး ၎အသက္ ၄၀ အ႐ြယ္မွာ ကြယ္လြန္သြားပုံရေၾကာင္း ယူဆခဲ့ပါတယ္။

အဆိုပါတိရိစာၦန္ေတြကို သတ္ျဖတ္ၿပီး ထြင္းထုသူေတြကို Paleo-Indians လို႔ေခၚၿပီး ၎တို႔က အဆိုပါတိရိစာၦန္ကို အပိုင္းပိုင္းခြဲျခမ္းစိတ္ျဖာကာ ေျမႀကီးထဲကို သိုေလွာင္ခဲ့ၾကပုံရေၾကာင္း ထပ္မံယူဆထားခဲ့ပါတယ္။ Daniel က ၎ေလာက္ႀကီးတဲ့အ႐ိုးစုကို ရွာေဖြေတြ႕ရွိတာကို သူ႔ဘဝမွာ ပထမဆုံးအခ်ိန္ျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။ထို႔ေနာက္ လယ္သမားႀကီး James ကလည္း ၎အ႐ိုးစုႀကီးကို Michigan တကၠသိုလ္သို႔ လႉဒါန္းရန္ ဆုံးျဖတ္ခဲ့ၿပီး လူအမ်ားလည္း တအံ့တဩၾကည့္ရႈႏိုင္ရန္ျဖစ္ေၾကာင္း“ လူေတြအတြက္ ထူးဆန္းေနမယ့္အရာကို လူအမ်ားသြားလာႏိုင္တဲ့ေနရာမွာ ျပသထားခ်င္တယ္ ၊ ဒါမွ သမိုင္းကေန ကြၽန္ေတာ္တို႔ ေနာက္ထပ္ေလ့လာႏိုင္မွာပါ” လို႔ ဆိုခဲ့ပါတယ္။

1.

2.

3.

4.

5.

6.

7.

8.

9.

Mia (Mckzone Daily)

Source : buzznicked

Leave a Reply

Your email address will not be published. Required fields are marked *