ဒေါက်တာဆာဆာရဲ့နာမည်သုံးပြီး စကစထောက်ခံသူများNugယောင်ဆောင်ပြီး သတင်းမှားများဖြင့်ဝါဒဖြန့်နေ

unicode

လူမှုကွန်ရက်ပေါ်တွင် ဒေါက်တာဆာဆာနှင့် CRPH ထောက်ခံသူများအမည်ရှိ facebook group တစ်ခုဖွင့်ကာ စစ်တပ်ထောက်ခံသူများမှ သတင်းမှားများနှင့် ဝါဒဖြန့်မှုများရှိနေပါတယ်။

အဆိုပါ ဂရုထဲတွင် ဖေ့ဘုတ်စ် အသုံးပြုသူ တစ်ဦးက NUG အစိုးရမှ မကြာခင်မှာ NUG Money ကိုစတင်ထုတ်လုပ်တော့မှာဖြစ်ကြောင်းရေးသားထားတာတွေ့ရပါတယ်။

စစ်ကောင်စီအား မထောက်ခံပဲ NUG အားထောက်ခံကြောင်းပြသတဲ့ အနေနဲ့ စစ်ကောင်စီထုတ် ငွေစက္ကူများကို မီးရှို့ကြရန်ပါတိုက်တွန်းထားတာတွေ့ရပါတယ်။ အဆိုပါ ငွေစက္ကူများကိုတော့ NUG အစိုးရရဲ့ ပြည်ပအခြေစိုက်ရုံးမှာ ရိုက်နှိပ်ဖို့စီစဉ်နေကြောင်း အစရှိသဖြင့်လည်း ရေးသားထားပြီး ငွေစက္ကူ ထုတ်လုပ်ရေး ကော်မတီကို ဒေါက်တာ ဇော်ဝေစိုး ဦးဆောင်နေကြောင်း အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။

ဒါကြောင့် မဇ္ဈိမမှ ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ NUG Money ဆိုတာနဲ့ ပက်သက်လို့ မသိရှိကြောင်းနဲ့ လက်ရှိ NUG အနေနဲ့ စစ်ကောင်စီတပ်ကို အပြတ်ဖြုတ်ချနိုင်ဖို့ ပြည်သူ့တော်လှန်ရေးအတွက်ကိုသာ အဓိကထား ပြင်ဆင်နေကြောင်း ဖြေကြားသွားပါတယ်။

ဒါကြောင့် လူပေါင်း ခုနစ်ရာကျော်ထိ မျှဝေမှုများ ရှိနေတဲ့ NUG Money ထုတ်လုပ်မည့် အကြောင်းအရာဟာ သတင်းမှား ဖြစ်ပါတယ်။

ဒါအပြင့် ဒေါက်တာဆာဆာနဲ့ CRPH ထောက်ခံသူများ ဖေ့ဘုတ်စ် ဂရုဟာ ဝင်ရောက်ထားသူ တစ်သောင်းကျော်ရှိတာကိုလည်းတွေ့ရပါတယ်။ အဆိုပါ ဂရုသည် ဒေါက်တာ ဆာဆာနဲ့ CRPH အားထောက်ခံကြောင်း နာမည်ယူအလွဲသုံးစားပြုလုပ်ပြီး သတင်းအမှားများနဲ့ စစ်ကောင်စီ ဝါဒဖြန့်အကြောင်းအရာများကိုသာ ရေးသားလေ့ရှိကြတာကိုလည်း တွေ့ရပါတယ်။

အားလုံးအထူးသတိထားနိုင်ကြပါစေဗျာ

crd

zawgyi

လူမႈကြန္ရက္ေပၚတြင္ ေဒါက္တာဆာဆာႏွင့္ CRPH ေထာက္ခံသူမ်ားအမည္ရွိ facebook group တစ္ခုဖြင့္ကာ စစ္တပ္ေထာက္ခံသူမ်ားမွ သတင္းမွားမ်ားႏွင့္ ဝါဒျဖန႔္မႈမ်ားရွိေနပါတယ္။

အဆိုပါ ဂ႐ုထဲတြင္ ေဖ့ဘုတ္စ္ အသုံးျပဳသူ တစ္ဦးက NUG အစိုးရမွ မၾကာခင္မွာ NUG Money ကိုစတင္ထုတ္လုပ္ေတာ့မွာျဖစ္ေၾကာင္းေရးသားထားတာေတြ႕ရပါတယ္။

စစ္ေကာင္စီအား မေထာက္ခံပဲ NUG အားေထာက္ခံေၾကာင္းျပသတဲ့ အေနနဲ႕ စစ္ေကာင္စီထုတ္ ေငြစကၠဴမ်ားကို မီးရွို႔ၾကရန္ပါတိုက္တြန္းထားတာေတြ႕ရပါတယ္။ အဆိုပါ ေငြစကၠဴမ်ားကိုေတာ့ NUG အစိုးရရဲ႕ ျပည္ပအေျခစိုက္႐ုံးမွာ ရိုက္ႏွိပ္ဖို႔စီစဥ္ေနေၾကာင္း အစရွိသျဖင့္လည္း ေရးသားထားၿပီး ေငြစကၠဴ ထုတ္လုပ္ေရး ေကာ္မတီကို ေဒါက္တာ ေဇာ္ေဝစိုး ဦးေဆာင္ေနေၾကာင္း အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။

ဒါေၾကာင့္ မဇၩိမမွ ေဒါက္တာေဇာ္ေဝစိုးကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာ NUG Money ဆိုတာနဲ႕ ပက္သက္လို႔ မသိရွိေၾကာင္းနဲ႕ လက္ရွိ NUG အေနနဲ႕ စစ္ေကာင္စီတပ္ကို အျပတ္ျဖဳတ္ခ်နိဳင္ဖို႔ ျပည္သူ႕ေတာ္လွန္ေရးအတြက္ကိုသာ အဓိကထား ျပင္ဆင္ေနေၾကာင္း ေျဖၾကားသြားပါတယ္။

ဒါေၾကာင့္ လူေပါင္း ခုနစ္ရာေက်ာ္ထိ မွ်ေဝမႈမ်ား ရွိေနတဲ့ NUG Money ထုတ္လုပ္မည့္ အေၾကာင္းအရာဟာ သတင္းမွား ျဖစ္ပါတယ္။

ဒါအျပင့္ ေဒါက္တာဆာဆာနဲ႕ CRPH ေထာက္ခံသူမ်ား ေဖ့ဘုတ္စ္ ဂ႐ုဟာ ဝင္ေရာက္ထားသူ တစ္ေသာင္းေက်ာ္ရွိတာကိုလည္းေတြ႕ရပါတယ္။ အဆိုပါ ဂ႐ုသည္ ေဒါက္တာ ဆာဆာနဲ႕ CRPH အားေထာက္ခံေၾကာင္း နာမည္ယူအလြဲသုံးစားျပဳလုပ္ၿပီး သတင္းအမွားမ်ားနဲ႕ စစ္ေကာင္စီ ဝါဒျဖန႔္အေၾကာင္းအရာမ်ားကိုသာ ေရးသားေလ့ရွိၾကတာကိုလည္း ေတြ႕ရပါတယ္။

အားလုံးအထူးသတိထားနိုင္ၾကပါေစဗ်ာ

crd

Be the first to comment

Leave a Reply

Your email address will not be published.


*