Art New

ကဲပရိတ်သတ်ကြီးပျောက်နေတယ်လို့ထင်တဲ့အနုပညာရှင်ဇနီးမောင်နှံ တကယ်လိုအပ်တဲ့သူတွေကိုလှူတန်းပေးရက်း မြင်ရပါပြီဗျာ

unicode

မဂ်လာပါ ပရိတ် သတ်ကြီးရေ… အဆိုတော် စန္ဒီမြင့်လွင် ကတော့ ချစ်စရာ သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လက်ရှိနိုင်ငံရေး အခြေအနေမှာ ဖေဖော်ဝါရီလ အစက တည်းက ပြည်သူတွေနဲ့ အတူ လမ်းပေါ် ထွက် ပြီး ဆန္ဒထုတ် ဖော်မှူ့ မှာ ပါ ဝင် ခဲ့ပါတယ်။

အခု ချိန်မှာတော့ အလှူ အတန်းတွေကို တတ်နိုင် သ လောက် လုပ် ဆောင်နေပြီး ပြည်သူ တွေကို တစ်ဖက် တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်က Plume small နဲ့ပူးပေါင်းပြီး တောင်ဒဂုံ ဘက်မှာ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

တောင်ဒဂုံဘက်မှာ နေထိုင်တဲ့ အခြေခံ ပြည်သူတွေကို ဒီးဒီတို့ဇ နီးမောင်နှံက ဆန်တစ်ပြည်၊ကြက်သွန်၊ဆီ၊ဆား၊ငရုတ် တို့ကို အိမ်ခြေ (၁၀၀) စာအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့ အ ပြင် ကလေးတွေ အတွက် diapers နဲ့ mask တွေ ကိုလည်း လှူပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတချို့ ကိုပါ ဝေငှခဲ့တာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ပြည်သူတွေရဲ့ လက်ထဲကို ကိုယ်တိုင် ကိုယ်ကျ ထည့် ပေးပြီး ရင်းရင်း နှီးနှီး စကားပြောခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေ အပေါ် စေတနာ ထားပေးပြီး လိုအပ် မယ့်ပစ္စည်းတချို့ကို လမ်းကြိုလမ်းကြားတွေပါ မကျန်သွားပြီး လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်တို့ရဲ့ ပုံရိပ်တွေကို ပြန်လည် မျှဝေ ပေးလိုက် ရပါတယ်။ဖတ်ရှူ့ ပေးတဲ့ ပရိတ်သတ်ကြီးလည်း ပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင် နိုင်ပါစေနော်။

credit

zawgyi






credit

Leave a Comment

error: Alert: Content is protected !!