Local News

ယခုအချိန်cdm လုပ်ပါက ဆုကြေးကျပ်သိန်း၆၀နဲ့ ရာသက်ပန်ပင်စင်ရမည်ဟု NUGထပ်မံကြေငြာ

unicode

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်အပြည့်အစုံဖြင့် CDF (ထန်တလန်)ထံ လာရောက်ပူးပေါင်းပါက ဆုငွေ ကျပ်သိန်း ၆၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

အဆိုပါကြေညာချက်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ချုပ်ချယ်ထိန်းသိမ်းခံနေရသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ပြည်သူများအပေါ်

မတရားချုပ်ချယ်သတ်ဖြတ်ရာတွင် လက်ပါးစေ အသုံးချခံဘဝအဖြစ်မှ ပြည်သူ့ဘက်တော်သားများအဖြစ်နှင့် အများပြည်သူ အားကိုးထိုက်သောသူ အဖြစ်သို့ ကူးပြောင်းလိုသူများ၊ CDF Thantlangနှင့်အတူ စစ်ကောင်စီအား တိုက်ထုတ်ရန် ဆန္ဒရှိသူနှင့် CDM ဝင်ရောက်လာသူ မည်သူမဆို CDF Thantlang အနေဖြင့် လက်ကမ်းကြိုဆိုမည် ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် လက်နက်နှင့်အတူ CDM ဝင်ရန် အဆင်မပြေဖြစ်နေသူများလည်း ပြည်သူထံ ဝင်ရောက်ပူးပေါင်းလာပါက ခိုလှုံခွင့်ပေးမည်ဖြစ်ပြီး လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ တာဝန်ယူမည် ဟုလည်း CDF Thantlang အဖွဲ့က ဆိုသည်။

ပြောင်းလဲနိုင်သောဂန်ထမ်းများသိအောင်ရှယ်ပေးကြပါ

crd

zawgyi






crd

Leave a Comment

error: Alert: Content is protected !!