အရမ်းအရေးကြီးလို့ရှယ်ပေးကြပါနော် ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ပါ

unicode

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောတစီးအပါအဝင် တင့်ကားတင်သည့် ရေယာဉ်များ ဆန်တက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဒီကနေ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်သင်္ဘောတစီး၊ Speed Boat နှင့် တင့်ကားတွေ၊ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရေယာဉ် ၅ စီးတို့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်သွားတယ်လို့ သိရပါတယ်။

တင့်ကားနှင့် စစ်လက်နက်ပစ္စည်းတွေကို အောင်ဆုမွန်၊ နှင်းဝေဝေထွန်း စတဲ့ရေယာဉ်တွေအပါအဝင် စုစုပေါင်း ၅ စီးမှာ တင်ဆောင်သွားပါတယ်။ ဘယ်‌ဒေသထိဆန်တက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်သင်္ဘောက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဧရာဝတီမြစ်ကနေ ဆန်တက်လာတာဖြစ်ပြီး ချင်းတွင်းမြစ်အတွင်းမှာ ပထမဆုံးအဖြစ် စစ်ကောင်စီအကြမ်းဖက်တပ်က ရေတပ်သုံးစစ်သင်္ဘောတွေကို စတင်အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

crd

zawgyi





crd

Be the first to comment

Leave a Reply

Your email address will not be published.


*