အမှားအကြီးကြီးတခုကိုလုပ်လိုက်မိပြီဖြစ်တဲ့ PDF ခေါ် CDF တပ်ဖွဲ့
unicode
အာဏာရှင်ကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်နေကြပြီး ပြည်သူတွေဘက်ကို ရပ်တည်နေကြတဲ့ နိုင်ငံ့ ဝန်ထမ်းတွေ များစွာရှိနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ CDMပြုလုပ်လာတဲ့
ရဲဘော်တွေကို ကြိုဆိုနေကြပြီး နေရာထိုင်ခင်းနဲ့ စားသောက်ဖို့အတွက် စီစဉ်ပေးနေကြပါတယ် ။ စက်တင်ဘာလ (၁၃)ရက်နေ့ ယနေ့မှာတော့ CDFတပ်ဖွဲ့ဝင်တစ်ဦးဟာ သူတိုလက်အောက်မှာ မနေချင်တော့တဲ့
CDMရဲဘော်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အပြင် ဆုမွန်ကောင်းလေးပါ တောင်းပေးလိုက်ပါတယ်။အဆိုပါရဲဘော်နှစ်ဦးက CDMလှုပ်ရှားမှုမှာ ပါဝင်လာပြီး CDFတပ်ဖွဲ့တစ်ဖွဲ့ဆီ ခိုလှုံရင်း ယခုမှာတော့ CDFတပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်နှီးနေခဲ့တာ ဖြစ်ပါတယ်။
CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ယနေ့အချိန်ထိ သူတို့အပေါ် သစ္စာရှိရှိနဲ့ ပူးပေါင်းပါဝင်ပြီး လက်တွဲပေးကြတဲ့အတွက် အဆိုပါCDMရဲဘော်နှစ်ဦးကို လေးစားမိကြောင်း၊ တစ်ချိန်က ခံယူချက်တွေ၊ အယူအဆတွေကြောင့် တိုက်ခိုက်ခဲ့ကြပေမဲ့ ယခုလိုအမြင်မှန်ရပြီး ပြည်သူ့ဘက်
ပူးပေါင်းလာတဲ့အတွက် လေးစားဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။အဆိုပါCDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယခုအချိန်မှာတော့ သူတို့လက်အောက်မှာ မနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာ သွားလာနိုင်ဖို့အတွက်
ပြန်လွှတ်ပေးခဲ့ကြောင်း၊ CDMရဲဘော်နှစ်ဦး ပြောသလို မိသားစုနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ နောင်တစ်ချိန် လမ်းကြုံလို့ ကမ်းဆုံမှာ ပြန်တွေ့ခဲ့ကြရင် လက်ပြနှုတ်ဆက်လို့ရကြောင်း ပြောဆိုထားခဲ့ပါတယ်။ နှုတ်ဆက်မခွဲခွာခင် အမှတ်တရဓာတ်ပုံရိုက်ကူးနေကြတဲ့ CDFတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ CDMရဲဘော်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
cdm လုပ်ပြိးရင်လွတ်မြောက်နယ်မြေလောက်ဘယ်နေရာမှ စိတ်မချရပါဘူး အခါလွတ်ပေးလိုက်သူတွေက စခန်းနဲ့ ရှေ့ဆက်မဲ့လုပ်ဆောင်ချက်တွေကို စကစကိုသတင်ပြန်ပေးခဲ့ရင်တော့ cdf အနာဂါတ်ကရင်လေးစရာပါ
ပရိတ်သတ်ကြီးရော myanmaralinn နဲ့အမြက်တူရဲ့လားဗျကွန်မန့်မှာ ဖြေခဲ့ပါအုံးနော်
myanmaralinn
zawgyi
myanmaralinn
Be the first to comment
Leave a Reply
Your email address will not be published.
*