PDF တစ်ယောက် ထမင်းမစားမီ ရွတ်ဆိုတဲ့ သစ္စာအဓိဌာန် ဖတ်ကြည့်ပါ
unicode
PDF တစ်ယောက် ထမင်းမစားမီ ရွတ်ဆိုတဲ့ သစ္စာအဓိဌာန် ဖတ်ကြည့်ပါ
ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြည်သူတွေကိုယ်စား အသက်နဲ့ရင်းပြီး ခုခံတိုက်ခိုက်နေတဲ့ PDF တယောက် ထမင်းမစားမီ ရွတ်ဆိုတဲ့ သစ္စာအဓိဌာန်က ဘယ်လိုရှိပါသလဲ။
မကွေးတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် – PRA က ဗိုလ်ဂျပန်ကြီးက သူတို့ရွတ်ဆိုတဲ့ သစ္စာအဓိဌာန်ကို အခုလိုရှင်းပြပါတယ်။
“ကျနော့တို့ ထမင်းမစားမီ ရွတ်ဆိုတဲ့ သစ္စာအဓိဌာန်ကတော့ ငါတို့သည် ပြည်သူလူထုမှ ကျွေးသော ထမင်းနှင့် ဟင်းကိုစား၍ ပြည်သူလူထု အပေါ်၌ သစ္စာစောင့်သိရိုသေပါမည်။ ငါ့
နိုင်ငံတော် ငါ့ပြည်သူလူထုအတွက် ငါ၏အသက်ကိုစွန်လွှတ်ရန် သစ္စာအဓိဌာန်ပြုပါ၏ ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖော်ပြထားတဲ့ ဓာတ်ပုံတွေကတော့ပြည်သူ့တော်လှန်ရေတပ်မတော် – PRA မှ ဗိုလ်ဂျပန်ကြီးရဲ့ ရှေ့တန်းမှာ ထမင်းစားသစ္စာ ဆိုနေတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။
crd
zawgyi
crd
Be the first to comment
Leave a Reply
Your email address will not be published.
*