PDF များ MYREL တာဝါတိုင်တွေကို မဖျက်သင့်တော့တဲ့အကြောင်း

unicode

အာဏာသိမ်း စစ်ကောင်စီမှ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ထိုးစစ်ဆင်နေသော မြန်မာပြည် အလယ်ပိုင်းနှင့်အထက်ပိုင်း ဒေသများတွင်

၄င်းတို့အချင်းချင်းဆက်သွယ်ရန် စစ်တပ်ပိုင်ဦးပိုင်မှ ထုတ်လုပ်သည့် CDMA 800MHz Sim card(09- 31/32/33 နှင့်စသည့် CDMA) များ အသုံးပြု၍ ဆက်သွယ်မှုပြုလုပ်နိုင်ကြောင်း စစ်တပ်အသိုင်း အဝိုင်းထံမှ သိရသည်။

အဆိုပါ MecTel Simများသည် အများပြည်သူအကြား အသုံးပြုမှုမရှိသလောက်ဖြစ်ပြီး စစ် ယတပ်အသိုင်းအဝိုင်းတွင်သာ တွင်ကျယ်စွာအသုံးပြုနေသော ဖုန်းဆက်သွယ်ရေးလိုင်းလည်း ဖြစ်သည်။

ယခင် ရခိုင့်တပ်တော် AAနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့စဥ်က ရခိုင်ပြည်နယ်အတွင်း မြို့နယ်အ များစုတွင် အင်တာနက်၊ ဖုန်းလိုင်းများဖြတ်တောက်ထားပြီး MecTel Sim card များ အားအ သုံးပြု၍ ဆက်သွယ်ခဲ့ရကြောင်းသိရသည်။

‘အဓိကကတော့ စစ်ဆင်ရေးမှာက ဆက်သွယ်ရေးစက်တွေ အသုံးပြုတာပေါ့။ ဒီ Sim card တွေက အရင်က တပ်ထဲမှာ အလကားမဲဖောက်ပေးတဲ့ကတ်တွေ။ အပြင်မှာလည်းဘယ်သူမှမကိုင်ကြဘူး။ လိုင်း သိပ်မကောင်းလို့သာ သိပ်မသုံးကြတာ။

Mytel ပေါ်လာပြီးတဲ့နောက် တပ်အသိုင်းအဝိုင်းမှာကို သိပ်မသုံး ကြတော့ဘူး။ ဒါပေမယ့် တခြားဆက်သွယ်ရေးအော်ပရေတာတွေ ဖုန်းလိုင်း၊ အင်တာနက်ဖြတ်ထားတဲ့နေရာတွေမှာ အဲ့ကတ်တွေထည့်သုံးရင် အနည်းဆုံးဖုန်းပြောတာ၊ မက်ဆေ့ပို့တာလောက်တော့ရတယ်” ဟု ရခိုင်ပြည်နယ်အတွင်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်ဖူးသူ စစ်သားတဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီးနှင့် အထက်အဆင့်များတွင် ဂြိုလ်တုနှင့်တိုက်ရိုက်ချိတ် ဆက် အသုံးပြုနိုင်သည့် GOTA ဖုန်းများရှိပြီး အ ဆိုပါဖုန်းများသည် တာဝါတိုင်မရှိသည့်နေရာ များမှပင် ဆက်သွယ်၍ ရနိုင်ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်) မွန်းလွဲပိုင်းမှ စတင် ၍ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိမြို့နယ်အချို့အား ဖုန်းလိုင်းနှင့်အင်တာ နက်လိုင်းများဖြတ်တောက်ကာ အဆိုပါဒေသများသို့ ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ် ဝှမ်းတလျှောက် စစ်ကောင်စီမှ အင်အားသုံးထိုး စစ်ဆင်လာသဖြင့် တိုက်ပွဲများပြင်းထန်နေပြီး ဖုန်းလိုင်း၊အင်တာနက်လိုင်းများဖြတ်တောက်ထာသဖြင့် ဆက်သွယ်ရခက်ခဲနေကြောင်း သိရသည်။

crd

zawgyi

အာဏာသိမ္း စစ္ေကာင္စီမွ အင္တာနက္ႏွင့္ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ထားၿပီး ထိုးစစ္ဆင္ေနေသာ ျမန္မာျပည္ အလယ္ပိုင္းႏွင့္အထက္ပိုင္း ေဒသမ်ားတြင္

၄င္းတို႔အခ်င္းခ်င္းဆက္သြယ္ရန္ စစ္တပ္ပိုင္ဦးပိုင္မွ ထုတ္လုပ္သည့္ CDMA 800MHz Sim card(09- 31/32/33 ႏွင့္စသည့္ CDMA) မ်ား အသုံးျပဳ၍ ဆက္သြယ္မႈျပဳလုပ္နိုင္ေၾကာင္း စစ္တပ္အသိုင္း အဝိုင္းထံမွ သိရသည္။

အဆိုပါ MecTel Simမ်ားသည္ အမ်ားျပည္သူအၾကား အသုံးျပဳမႈမရွိသေလာက္ျဖစ္ၿပီး စစ္ ယတပ္အသိုင္းအဝိုင္းတြင္သာ တြင္က်ယ္စြာအသုံးျပဳေနေသာ ဖုန္းဆက္သြယ္ေရးလိုင္းလည္း ျဖစ္သည္။

ယခင္ ရခိုင့္တပ္ေတာ္ AAႏွင့္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့စဥ္က ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္အ မ်ားစုတြင္ အင္တာနက္၊ ဖုန္းလိုင္းမ်ားျဖတ္ေတာက္ထားၿပီး MecTel Sim card မ်ား အားအ သုံးျပဳ၍ ဆက္သြယ္ခဲ့ရေၾကာင္းသိရသည္။

‘အဓိကကေတာ့ စစ္ဆင္ေရးမွာက ဆက္သြယ္ေရးစက္ေတြ အသုံးျပဳတာေပါ့။ ဒီ Sim card ေတြက အရင္က တပ္ထဲမွာ အလကားမဲေဖာက္ေပးတဲ့ကတ္ေတြ။ အျပင္မွာလည္းဘယ္သူမွမကိုင္ၾကဘူး။ လိုင္း သိပ္မေကာင္းလို႔သာ သိပ္မသုံးၾကတာ။

Mytel ေပၚလာၿပီးတဲ့ေနာက္ တပ္အသိုင္းအဝိုင္းမွာကို သိပ္မသုံး ၾကေတာ့ဘူး။ ဒါေပမယ့္ တျခားဆက္သြယ္ေရးေအာ္ပေရတာေတြ ဖုန္းလိုင္း၊ အင္တာနက္ျဖတ္ထားတဲ့ေနရာေတြမွာ အဲ့ကတ္ေတြထည့္သုံးရင္ အနည္းဆုံးဖုန္းေျပာတာ၊ မက္ေဆ့ပို႔တာေလာက္ေတာ့ရတယ္” ဟု ရခိုင္ျပည္နယ္အတြင္းစစ္ဆင္ေရးတာဝန္ထမ္းေဆာင္ဖူးသူ စစ္သားတဦးက ဧရာဝတီတိုင္းမ္သို႔ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဗိုလ္မႉးႀကီးႏွင့္ အထက္အဆင့္မ်ားတြင္ ၿဂိဳလ္တုႏွင့္တိုက္ရိုက္ခ်ိတ္ ဆက္ အသုံးျပဳနိုင္သည့္ GOTA ဖုန္းမ်ားရွိၿပီး အ ဆိုပါဖုန္းမ်ားသည္ တာဝါတိုင္မရွိသည့္ေနရာ မ်ားမွပင္ ဆက္သြယ္၍ ရနိုင္ေၾကာင္း သိရသည္။

ယေန႕(စက္တင္ဘာ ၁၄ရက္) မြန္းလြဲပိုင္းမွ စတင္ ၍ မႏၱေလးတိုင္း၊စစ္ကိုင္းတိုင္း၊ မေကြးတိုင္းအတြင္းရွိၿမိဳ႕နယ္အခ်ိဳ႕အား ဖုန္းလိုင္းႏွင့္အင္တာ နက္လိုင္းမ်ားျဖတ္ေတာက္ကာ အဆိုပါေဒသမ်ားသို႔ ထိုးစစ္ဆင္မႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ စစ္ကိုင္းတိုင္းအတြင္း ခ်င္းတြင္းျမစ္ ဝွမ္းတေလွ်ာက္ စစ္ေကာင္စီမွ အင္အားသုံးထိုး စစ္ဆင္လာသျဖင့္ တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ဖုန္းလိုင္း၊အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ထာသျဖင့္ ဆက္သြယ္ရခက္ခဲေနေၾကာင္း သိရသည္။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*