ဒီမိသားစုလေးကို ကူညီနိုင်သူအမြန်တွေ့အောင်ရှယ်ပေးကြပါ

unicode

မြဝတီမြို့ကနေ မုဒုံမြို့ကို ပြန်စရာလမ်းစရိတ်မရှိလို့ ဒုက္ခရောက်နေရှာတဲ့ မိသားစုကို ပြည်သူတစ်ဦးက လမ်းစရိတ်အပြင် အဝတ်အစားနဲ့ စားစရိတ်ပါကူညီပေးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အဆိုပါပြည်သူက ပြောပြတက…..”ယနေ့၁၁.၉ .၂၀၂၁နံနက်အစောပိုင်းထဲကမြဝတီမြို့ မြေနီကုန်းလမ်းဆုံ တက္ကစီဂိတ်တစ်ခုတွင် အမျိုးသမီးတစ်ဦးသည်ခလေး ၄ ယောက်နဲ့အတူ မွန်ပြည်နယ် မုဒုံမြို့သို့ပြန်ရန် ကားထိုင်စောင့်နေခဲ့တယ်။

ကားများကရပ်ပေးသော်လည်း ဖော်ပြပါအမျိုးသမီးမှာကားခပေးရန်ငွေတစ်ပြားမှမရှိသည့်အတွက်မည်သည့်ကားသမားကမှ မတင်ဆောင်သွားကြဘူးဖြစ်နေခဲ့တယ်။

ယခုညနေ ၃နာရီအချိန် ကျွန်တော်မှ ဖော်ပြပါခလေးအမေအားမေးမြန်းကြည့်သောအခါ မိမိသည် မေတ္တာလင်းမြိုင်တွင် အိမ်ဌားဘဝနဲ့ခင်ပွန်းသည်နဲ့အတူတူနေထိုင်ရင်း သားသမီးလေးယောက်မွေးဖွားခဲ့ကြောင်း

ယခုအခါ မိမိအမျိုးသားခင်ပွန်းသည်ကမိမိတို့ကိအဆက်အသွယ်မလုပ် ပစ်သွားတာ သုံးလေးလခန့်ရှိပြဖြစ်ကြောင်း ယခုအိမ်ရှင်ကအိမ်လခမပေးနိုင်လို့အိမ်ပေါ်ကမောင်းချဆင်းခိုင်းသည့်အတွက် ယခုဆင်းလာပေးခဲ့ရကြောင်း မိမိအား ကားအကြွေးတင်ရန်

တားသော်လည်း ဘယ်သူမှမရပ်ပေးကြောင်းပြောဆိုခဲ့တယ်။သည်လိုနဲ့ ကျွန်တော်လည်း နေအိမ်ပြန်ပြီး မိသားစုအိပ်ခြင်ထောင်တစ်လုံး ထမိန်၊အင်္ကျီ ခလေးအဝတ်အစားများစားသောက်စရာများပေးခဲ့တယ်။

ကားသမားကိုလည်းငွေကျပ်တစ်သောင်းနဲ့ညှိပေးခဲ့ပြီးမိသားစုလမ်းမှာစားဖို့ငွေကျပ်တစ်သောင်းထပ်ပေးကူညီလိုက်တယ်..” ပြောပြပါတယ်။

crd

zawgyi

ျမဝတီၿမိဳ႕ကေန မုဒုံၿမိဳ႕ကို ျပန္စရာလမ္းစရိတ္မရွိလို႔ ဒုကၡေရာက္ေနရွာတဲ့ မိသားစုကို ျပည္သူတစ္ဦးက လမ္းစရိတ္အျပင္ အဝတ္အစားနဲ႕ စားစရိတ္ပါကူညီေပးခဲ့ပါတယ္။

ျဖစ္စဥ္နဲ႕ပတ္သက္လို႔ အဆိုပါျပည္သူက ေျပာျပတက…..”ယေန႕၁၁.၉ .၂၀၂၁နံနက္အေစာပိုင္းထဲကျမဝတီၿမိဳ႕ ေျမနီကုန္းလမ္းဆုံ တကၠစီဂိတ္တစ္ခုတြင္ အမ်ိဳးသမီးတစ္ဦးသည္ခေလး ၄ ေယာက္နဲ႕အတူ မြန္ျပည္နယ္ မုဒုံၿမိဳ႕သို႔ျပန္ရန္ ကားထိုင္ေစာင့္ေနခဲ့တယ္။

ကားမ်ားကရပ္ေပးေသာ္လည္း ေဖာ္ျပပါအမ်ိဳးသမီးမွာကားခေပးရန္ေငြတစ္ျပားမွမရွိသည့္အတြက္မည္သည့္ကားသမားကမွ မတင္ေဆာင္သြားၾကဘူးျဖစ္ေနခဲ့တယ္။

ယခုညေန ၃နာရီအခ်ိန္ ကြၽန္ေတာ္မွ ေဖာ္ျပပါခေလးအေမအားေမးျမန္းၾကည့္ေသာအခါ မိမိသည္ ေမတၱာလင္းၿမိဳင္တြင္ အိမ္ဌားဘဝနဲ႕ခင္ပြန္းသည္နဲ႕အတူတူေနထိုင္ရင္း သားသမီးေလးေယာက္ေမြးဖြားခဲ့ေၾကာင္း

ယခုအခါ မိမိအမ်ိဳးသားခင္ပြန္းသည္ကမိမိတို႔ကိအဆက္အသြယ္မလုပ္ ပစ္သြားတာ သုံးေလးလခန့္ရွိျပျဖစ္ေၾကာင္း ယခုအိမ္ရွင္ကအိမ္လခမေပးနိုင္လို႔အိမ္ေပၚကေမာင္းခ်ဆင္းခိုင္းသည့္အတြက္ ယခုဆင္းလာေပးခဲ့ရေၾကာင္း မိမိအား ကားအေႂကြးတင္ရန္

တားေသာ္လည္း ဘယ္သူမွမရပ္ေပးေၾကာင္းေျပာဆိုခဲ့တယ္။သည္လိုနဲ႕ ကြၽန္ေတာ္လည္း ေနအိမ္ျပန္ၿပီး မိသားစုအိပ္ျခင္ေထာင္တစ္လုံး ထမိန္၊အကၤ်ီ ခေလးအဝတ္အစားမ်ားစားေသာက္စရာမ်ားေပးခဲ့တယ္။

ကားသမားကိုလည္းေငြက်ပ္တစ္ေသာင္းနဲ႕ညွိေပးခဲ့ၿပီးမိသားစုလမ္းမွာစားဖို႔ေငြက်ပ္တစ္ေသာင္းထပ္ေပးကူညီလိုက္တယ္..” ေျပာျပပါတယ္။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*