သတင်းအတုတွေနဲ့တိုက်ခိုက်ခံနေရပြန်တဲ့ သရုပ်ဆောင်မြနှင်းရည်လွင်

unicode

သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ဟာ အငြိမ်းစားသမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့တူမအရင်းဆိုသည်မှာ သတင်းအမှားသာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို Thoon Waddy ဆိုတဲ့ ဖေ့ဘုတ်စ်အကောင့်တစ်ခုမှ စတင်ဖော်ပြခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ အငြိမ်းစား သမ္မတဟောင်းဇနီးရဲ့ တူမဆိုပြီး လူအများကြား ပြန့်နှံ့သွားစေခဲ့ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ အဆိုပါ ကိစ္စဟာ သတင်းအမှား တစ်ခုသာ ဖြစ်ကြောင်း မဇ္ဈိမဆီဖြေကြားထားပါတယ်။ သူနဲ့ပက်သက်တဲ့ သတင်းအမှားတင်တာတွေကိုလည်း ရပ်တန်းက ရပ်ပေးဖို့ မေတ္တာရပ်ခံထားပါသေးတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ဟာ လက်ရှိမှာတော့ NUG ရဲ့ Public Voice Television မှာ အစီအစဉ်တင်ဆက်ခြင်းများ ကူညီပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။

အခုလိုနဲနဲနာမည်ထွက်လိုက် တိုက်ခိုက်လိုက် လုပ်နေသည့်အတွက်သတင်းမှားများကိုရှောင်ရှားယုံကြည်ကြရန်တင်ပြအပ်ပါသည်

crd

zawgyi






crd

Be the first to comment

Leave a Reply

Your email address will not be published.


*