Art New

ပရိတ်သတ်ကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သူမနဲ့ပတ်သက်ပြီးအထင်လွဲမှုတွေကို ဖြေရှင်းပြောပြလာတဲ့ သရုပ်ဆောင်ယဥ်လတ်

unicode

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်ယဥ်လတ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိတ်သတ်တွေကိုအခုလိုပဲပြောထားပါတယ်

ဒီလောကထဲက ဒီလိုလူ တစ်ယောက်က ဒါလုပ်တယ်ဆိုတာနဲ့ “ဒီလောက ကလူတိုင်းဟာ ဒီလိုပါပဲကွာ” ဆိုပြီး သိမ်းကျုံးပြောဆိုတတ်တဲ့အယူဆကြီးက မဟုတ်သေးဘူးလေနော်..

လူတစ်ယောက်နဲ့တစ်ယောက် စိတ်ဓါတ်ချင်း , လုပ်ရပ်ချင်း , စာရိတ္တချင်း , ခံယူထားတဲ့အယူအဆချင်း , ကိုယ်ကျင့်သိက္ခာတရားချင်း မတူကြတဲ့အခါ အတွေးခေါ်ချင်းလည်း ကွာကြတယ်မလား….

မှန်တယ်မှားတယ်ဆိုတာ ကြည့်တဲ့သူရဲ့ နေရာနဲ့ သူကြည့်တဲ့အမြင်ပေါ်လည်းမူတည်တယ်..

မိန်းကလေးတိုင်း တစ်ပုံစံတည်းမဟုတ်သလို ယောကျ်ားတိုင်းကလည်း မတူနိုင်ဘူး

မကောင်းတဲ့ မိန်းမတွေ မကောင်းတဲ့ယောကျ်ားတွေရဲ့လုပ်ရပ်တွေကြောင့် တကယ်ဖြူစင်တဲ့မြန်မာမိန်းကလေးတွေ တကယ်မြင့်မြတ်တဲ့ မြန်မာယောကျ်ားကောင်းတွေ အထင်လွဲမခံစေချင်ဘူး..

ဘဲလေးက တဲ့ ပညာရပ်ကို ပန်းချီဆရာတစ်ယောက်က သေချာ မဝေဖန်နိုင်သလို .. ဆရာဝန်တစ်ယောက်ကလည်း ပင်လယ်ပြင်အကြောင်းကို Professional Diver တစ်ယောက်လောက် ဘယ်သိနိုင်မလဲ ..

ကိုယ်မသိနိုင် မမြင်နိုင်ခဲ့တဲ့ အမှန်တရားတွေ လောကကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပဲ ..

ရုပ်ရှင်တစ်ကားရဲ့ plot twists တွေလိုပေါ့ ဇာတ်သိမ်းမရောက်ခင်အထိ မထင်ထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်နေမှာပဲ ..

အချို့ကားတွေဆို ဇာတ်သိမ်းတဲ့အထိ အဖြေမပါဘူးရယ် ..

ပြောချင်တာက အပြင်မှာဓါတ်ပုံရိုက်ရင်း ဆုံဖူးခဲ့တဲ့ စိတ်ထားပြည့်ဝပြီး တကယ်ဖြူစင်တဲ့မေတ္တာတွေနဲ့ အလုပ်အတူလုပ်ခဲ့ဖူးတဲ့ အစ်ကိုတွေ မောင်တွေ အစ်မတွေ ညီမလေးတွေကို ကျေးဇူးတင်တယ် ပြီးတော့ သတိလည်းရနေပါတယ်လို့

ပုံလေးတွေတောင် မယူရသေးပဲ အဆက်သွယ်ပြတ်သွားသလိုတောင်ဖြစ်သွားတယ်… အားလုံးနေကောင်းကျန်းမာတဲ့အခါ အရင်လို ဖေဖေကကိုယ်တိုင်လိုက်ပို့ ငါ့ကလေးတွေနဲ့ မုန့်တွေစား လျှောက်ပြေးရင်း ပုံလေးတွေ များကြီး ရိုက်ခွင့်ရချင်ပါသေးတယ်..

credit ယဥ်လတ်

zawgyi





မိန်းကလေးတိုင်း တစ်ပုံစံတည်းမဟုတ်သလို ယောက်ျားတိုင်းကလည်း မတူနိုင်ဘူး

မကောင်းတဲ့ မိန်းမတွေ မကောင်းတဲ့ယောက်ျားတွေရဲ့လုပ်ရပ်တွေကြောင့် တကယ်ဖြူစင်တဲ့မြန်မာမိန်းကလေးတွေ တကယ်မြင့်မြတ်တဲ့ မြန်မာယောက်ျားကောင်းတွေ အထင်လွဲမခံစေချင်ဘူး..







credit ယဉ်လတ်

Leave a Comment

error: Alert: Content is protected !!