မျက်ရည်ကျလောက်တဲ့ ဖခင်ဇင်ဝိုင်းအတွက် မင်းမော်ကွန်းရေးတဲ့စာ

မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲ တိုင်ပွဲဝင်အားကို မလျော့ပဲ ဆက်လက်တိုက်ပဲ ဝင်နေဆဲ ဖြစ်ပါတယ် …ဒီလို တိုက်ပွဲ ဝင် နေတဲ့ကြားက ဖခင်ကြီး အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ် …မင်းမော်ကွန်း စိတ်ပူမယ်ဆိုလဲ ပူစရာပါပဲ သရုပ်ဆောင်ကြီး ဇင်ဝိုင်း ဟာ အသက်ကြီးလာသော်တိုင်းပြည်ရဲ့ တာဝန်ကို ပြည်သူနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေဆဲဖြစ်ပါတယ်…

မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့ နေသလိုသူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို အဝေတနေရာကနေ စားလေး ရေး လိုက်ပါတယ်။”

သို့ အဖေသားလေ … အဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ … ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ် … ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ် … မရယ် နိုင် မပြုံးနိုင်လောက်အောင်ပါပဲ … အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ် …

ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး … သားမှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူး အဖေ အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ် သားတဲ့အရိပ်အယောင်တွေကို မြင်လိုက်ရတယ် … အမှန်တရားကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာသိလိုက်ရတယ်…အဖေ အ မှန်တရားအတွက် လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီး သိလိုက်ရ ပါတယ်။

အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင်ထွက်သေးတယ် နော် … အဖေအသက်ကြီးပြီ အဖေ … ၈၈ တုန်းကလည်း အဖေ ဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ … အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး ။လူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ … ခေါင်းမာလိုက်တာ အဖေရ

အခုအချိန်မှာသား အဖေတို့နဲ့ အတူမရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေ … သားလည်း အဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာ အဖေရယ် …သား သာ အဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး။ အဖေကျန်းမာအောင်နေပေးပါ အဖေ … အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ … ဒီပြဿနာကြီး ပြီးသွားတဲ့တစ်နေ့ …အဖေပြုံးနေတာလေး မြင်ချင်သေးတယ်

အဖေ …ချစ်တဲ့ … လွမ်းတဲ့ …သား ” ဆိုပြီး တင်ထားတာ ကိုမင်းမော်ကွန်းက ”အဖေနားပါအဖေ … သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာ…အဖေဆို ပိုပင်ပန်းမှာ မပြောပေမယ့် … သိနေလို့ ပါအဖေရယ

အဖေ့ကိုအရင်လိုထပ်ပြီးနည်း … ပေါင်းစုံနဲ့နှိပ်စက်တာ မခံစေချင်ပါဘူး … သားတာဝန်ထားပါအဖေ … အမေ့ကိုပဲစောင့်လျှောက်ပေးပါ … အိမ်မှာ အဖေနဲ့သား …တစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါ ” ဆိုတဲ့ စာလေးရေးကာ ထပ်ဆင့်ရှယ်ထားတာ တွေ့ရပါတယ်။ဒီစာသား လေးတွေရဲ့နောက်မှာ ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့တိုင်းပြည်ချစ်စိတ်ကို အထင်းသား မြင်နေရသလို …

သားဖြစ်သူ မင်းမော်ကွန်းရဲ့ ” သား ဆိုတာ အား ” ဆိုသလို ဖခင်လိုတိုင်းပြည်ချစ်စိတ် အပြည့်ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ်…ဒါ့အပြင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း မိသားစုနှင့် ဖခင်အတွက် အတွက်ရင်မအေး ဖြစ်နေပုံလေး မြင်ရတော့ မျက်ရည်ဝဲအောင် စိတ်မကောင်းဖြစ်ရပါ

တယ် … ဒီလို မိသားစု တကွဲတပြားဖြစ်ရတာတွေ ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အဖြစ်တွေ အားလုံးရဲ့ တရားခံရတော့ မ အ လ ပင်ဖြစ်ပါတော့တယ် ခင်ဗျာ။ စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာကြပါစေ …

crd

zawgyi

မင္းေမာ္ကြန္းဟာ ဖမ္းဝရမ္း ထုတ္ခံထားရ ေသာ္လဲ တိုင္ပြဲဝင္အားကို မေလ်ာ့ပဲ ဆက္လက္တိုက္ပဲ ဝင္ေနဆဲ ျဖစ္ပါတယ္ ဒီလို တိုက္ပြဲ ဝင္ ေနတဲ့ၾကားက ဖခင္ႀကီး အတြက္လဲ စိတ္မေအး ျဖစ္ေနရ ရွာပါတယ္ မင္းေမာ္ကြန္း စိတ္ပူမယ္ဆိုလဲ ပူစရာပါပဲ သ႐ုပ္ေဆာင္ႀကီး ဇင္ဝိုင္း ဟာ အသက္ႀကီးလာေသာ္တိုင္းျပည္ရဲ႕ တာဝန္ကို ျပည္သူနဲ႕အတူ တက္တက္ႂကြႂကြ ပါဝင္ေနဆဲျဖစ္ပါတယ္

မင္းေမာ္ကြန္းဟာ သူ႕အေဖကို စိတ္ပူလို႔ ေနသလိုသူ႕ညီ Kyi Thar Htay Lwin ဟာလဲ ဖခင္အတြက္ အခုလို အေဝတေနရာကေန စားေလး ေရး လိုက္ပါတယ္။

သို႔ အေဖသားေလ အေဖ့သားျဖစ္ရတာ သိပ္ဂုဏ္ယူတာပဲ ကိုယ္မွန္တယ္ထင္ရင္ ဘာမဆိုလုပ္ရဲတဲ့စိတ္ဓါတ္ ဘာကိုမွဂ႐ုမစိုက္ဘဲ အမွန္တရားအတြက္ဆိုေရွ႕တန္းထြက္ရဲတဲ့ သတၱိ ၿပီးခဲ့တဲ့ တစ္ပတ္လုံးလုံး သားစိတ္ေတြ အရမ္းပူေနခဲ့ပါတယ္ မရယ္ နိုင္ မၿပဳံးနိုင္ေလာက္ေအာင္ပါပဲ အေဖနဲ႕ ကိုကို တခုခုျဖစ္မွာသိပ္ကိုစိုးရိမ္တယ္

ဒါေပမဲ့ အေဖနဲ႕ဖုန္းေျပာၿပီးတဲ့ အခ်ိန္ကစၿပီး သားမွာ စိုးရိမ္စိတ္ေတြ မရွိေတာ့ဘူး အေဖ အဲဒီေန႕က အေဖ့မ်က္လုံးထဲမွာ သိပ္ကိုျပတ္ သားတဲ့အရိပ္အေယာင္ေတြကို ျမင္လိုက္ရတယ္ အမွန္တရားကလြဲရင္ ဘယ္ဟာမွ အေရးမႀကီးဘူးဆိုတာသိလိုက္ရတယ္အေဖ အ မွန္တရားအတြက္ လုပ္ေနတယ္ဆိုတာကိုလည္း ပိုၿပီး သိလိုက္ရ ပါတယ္။

အေဖပင္ပန္းေနၿပီ ေနာက္ေန႕တစ္ရက္ေတာ့ နားလိုက္ပါဦးဆိုတာကို ေအးပါ ေအးပါဆိုၿပီး ညေနပိုင္းကို ရေအာင္ထြက္ေသးတယ္ ေနာ္ အေဖအသက္ႀကီးၿပီ အေဖ ၈၈ တုန္းကလည္း အေဖ ဒုကၡမ်ိဳးစုံနဲ႕ေပးဆပ္ခဲ့ၿပီးပါၿပီ အခုအခ်ိန္မွာ အေဖဝင္မပါလည္း ဘာမွမျဖစ္ပါဘူး ။လူငယ္ေတြ လုပ္ၾကမွာေပါ့ သားတို႔လုပ္ရမွာေပါ့ ေခါင္းမာလိုက္တာ အေဖရ

အခုအခ်ိန္မွာသား အေဖတို႔နဲ႕ အတူမရွိနိုင္တာကို ခြင့္လႊတ္ပါ အေဖ သားလည္း အေဖ့ စိတ္ဓါတ္မ်ိဳးေတြရွိခ်င္လိုက္တာ အေဖရယ္ သား သာ အေဖ့ေနရာမွာဆိုရင္ ဒီလိုသတၱိ မ်ိဳးမရွိနိုင္ပါဘူး။ အေဖက်န္းမာေအာင္ေနေပးပါ အေဖ အားလုံး အဆင္ေျပသြားတဲ့ တစ္ေန႕ ဒီျပႆနာႀကီး ၿပီးသြားတဲ့တစ္ေန႕ အေဖၿပဳံးေနတာေလး ျမင္ခ်င္ေသးတယ္

အေဖ ခ်စ္တဲ့ လြမ္းတဲ့ သား ဆိုၿပီး တင္ထားတာ ကိုမင္းေမာ္ကြန္းက အေဖနားပါအေဖ သားတို႔ေတာင္ လူေရာ စိတ္ေရာ ပင္ပန္းေနတာအေဖဆို ပိုပင္ပန္းမွာ မေျပာေပမယ့္ သိေနလို႔ ပါအေဖရယ

အေဖ့ကိုအရင္လိုထပ္ၿပီးနည္း ေပါင္းစုံနဲ႕ႏွိပ္စက္တာ မခံေစခ်င္ပါဘူး သားတာဝန္ထားပါအေဖ အေမ့ကိုပဲေစာင့္ေလွ်ာက္ေပးပါ အိမ္မွာ အေဖနဲ႕သား တစ္ေယာက္ေယာက္ေတာ့ရွိေနမွျဖစ္မွာပါ ဆိုတဲ့ စာေလးေရးကာ ထပ္ဆင့္ရွယ္ထားတာ ေတြ႕ရပါတယ္။ဒီစာသား ေလးေတြရဲ႕ေနာက္မွာ ဖခင္ျဖစ္သူ ဇင္ဝိုင္းရဲ႕တိုင္းျပည္ခ်စ္စိတ္ကို အထင္းသား ျမင္ေနရသလို

သားျဖစ္သူ မင္းေမာ္ကြန္းရဲ႕ သား ဆိုတာ အား ဆိုသလို ဖခင္လိုတိုင္းျပည္ခ်စ္စိတ္ အျပည့္ရွိေနတာ ဝမ္းသာဖြယ္ ေတြ႕ျမင္ရပါတယ္ဒါ့အျပင္ တိုင္းျပည္တာဝန္ကို ထမ္းေဆာင္ေနရင္း မိသားစုႏွင့္ ဖခင္အတြက္ အတြက္ရင္မေအး ျဖစ္ေနပုံေလး ျမင္ရေတာ့ မ်က္ရည္ဝဲ ေအာင္ စိတ္မေကာင္းျဖစ္ရပါတယ္

ဒီလို မိသားစု တကြဲတျပားျဖစ္ရတာေတြ ဒီမိုကေရစီတိုက္ပြဲမွာက်ဆဳံးသြားတဲ့ အာဇာနည္ေတြရဲ႕ အျဖစ္ေတြ အားလုံးရဲ႕ တရားခံရေတာ့ မ အ လ ပင္ျဖစ္ပါေတာ့တယ္ ခင္ဗ်ာ။ စာဖတ္သူအေပါင္း ေဘးဘယာ ေဝးကြာၾကပါေစ

crd

Be the first to comment

Leave a Reply

Your email address will not be published.


*