သားဖြစ်သူကို စစ်တပ်ကနှိတ်စက်နေတဲ့အပေါ် မကြည့်ရက် မခံစားနိုင်လို့ ကို့ကိုယ်ကိုအဆုံးစီရင်သွားတဲ့ ဦးတိုးကြီးရဲ့ ရင်နင့်စရာအဖြစ်

unicode

ပေါင်းတည်မြို့မှ ဦးတိုးကြီးနဲ့ သားဖြစ်သူ မောင်သီဟကို စက်တင်ဘာ၁၃ရက်နေ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက Mytel တာဝါတိုင်တွေ ဖောက်ခွဲဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်

အကြမ်းဖက်စစ်တပ်က သားအဖနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်ကစလို့ စခန်းသွားတဲ့လမ်းတလျှောက်လုံး ကားပေါ်မှာတင်ထုနှက်ရိုက်နှက်နှိပ်စက်ပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောရေးရောက်တဲ့အခါမှာလည်း သားဖြစ်သူကို အပေါ်ထပ်မှာ စစ်ကြောပြီး အောက်ထပ်မှာတော့ ဖခင်ဖြစ်သူ ဦးတိုးကြီးကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်ပါတယ်။

သားဖြစ်သူကို စစ်တပ်က တစ်ချိန်လုံး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်သံတွေကို အဖေဖြစ်သူက တစ်ညလုံး၊ တစ်ချိန်လုံး ကြားနေရခဲ့ရတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကိုယ်တိုင်လည်း စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခံရမှုက မလွတ်မြောက်ခဲ့ပါဘူး။

စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ်မှာတော့ ဖခင်ဖြစ်သူ ဦးတိုးကြီးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူကိုတော့ ဆက်လက် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေခဲ့ပါတယ်။

စစ်ကြောရေးမှာသားဖြစ်သူကိုနှိပ်စက်နေတဲ့အသံတွေကို ဦးတိုးကြီး နားထဲကမထွက်ဘဲ အိမ်ပြန်ရောက်ချိန်မှာလည်း ဖခင် ဦးတိုးကြီး စိတ်တွေချောက်ချားကာ စိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေတွေဖြစ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူကဆိုပါတယ်။

သားဖြစ်သူကို လွှတ်ပေးဖို့နဲ့ လွတ်အောင် ကြိုးစားပေးဖို့ ပါးစပ် တတွတ်တွတ်ပြောသလို သူ့ကိုလည်း လာဖမ်းကြဦးမှာလို့ ဦးတိုးကြီးက အမြဲပြောနေခဲ့ပါတယ်။

အိမ်ပြတင်းပေါက်ဘေးလေးကနေ လမ်းမပေါ်ကို ကြည့်ပြီး သားဖြစ်သူ ပြန်လာဖို့ စောင့်နေသလို သူ့ကိုလည်း စစ်တပ်က နောက်တစ်ကြိမ် လာခေါ်တော့မှာလို့ ပြောဆိုနေပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ သားဇောကပ်ပြီးပူဆွေးသောကရောက်နေတဲ့ဖခင် ဦးတိုးကြီးက ရပ်ကွက်ဘုန်းကြီးကျောင်းနောက်ဖက်ခြံထဲမှာ ချွန်ထက်တဲ့အရာတခုနဲ့သူ့လည်ပင်းသူလှီးဖြတ်ပြီးအဆုံးစီရင်သွားခဲ့တယ်။

ချွန်ထက်တဲ့ အရာနဲ့ သူ့လည်ပင်းသူ မထိုးခင်မှာ ဦးတိုးကြီးက ကြိုးဆွဲချ အဆုံး စီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြိုးပြတ်သွားလို့ အောင်မြင်ပုံမရခဲ့ပါဘူးလို့ သိရပါတယ်။ သစ်ပင်မှာ ကြိုးပြတ် အပိုင်းအစတွေက သူ ကြိုးဆွဲချခဲ့မှု မအောင်မြင်ခဲ့တာကို သက်သေ ထူနေပါတယ်။

မိဘတယောက်ရဲ့နေရာကနေသာခံစားကြည့်ကြပါတော့ဗျာလူမဆန်တဲ့စစ်တပ်ရဲ့လုပ်ရပ်တွေဟာဘယ်လောက်ဆိုးလဲဆိုတာ တွေးသားကြည့်ကြပါတော့

myanmaralinn

zawgyi

ေပါင္းတည္ၿမိဳ႕မွ ဦးတိုးႀကီးနဲ႕ သားျဖစ္သူ ေမာင္သီဟကို စက္တင္ဘာ၁၃ရက္ေန႕ အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြက Mytel တာဝါတိုင္ေတြ ေဖာက္ခြဲဖို႔ ႀကံစည္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ ဖမ္းဆီး ေခၚေဆာင္သြားပါတယ္

အၾကမ္းဖက္စစ္တပ္က သားအဖႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားခ်ိန္ကစလို႔ စခန္းသြားတဲ့လမ္းတေလွ်ာက္လုံး ကားေပၚမွာတင္ထုႏွက္ရိုက္ႏွက္ႏွိပ္စက္ၿပီး ေခၚေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။

စစ္ေၾကာေရးေရာက္တဲ့အခါမွာလည္း သားျဖစ္သူကို အေပၚထပ္မွာ စစ္ေၾကာၿပီး ေအာက္ထပ္မွာေတာ့ ဖခင္ျဖစ္သူ ဦးတိုးႀကီးကို စစ္တပ္က ညွဥ္းပန္းႏွိပ္စက္ပါတယ္။

သားျဖစ္သူကို စစ္တပ္က တစ္ခ်ိန္လုံး ညွဥ္းပန္းႏွိပ္စက္ ရိုက္ႏွက္သံေတြကို အေဖျဖစ္သူက တစ္ညလုံး၊ တစ္ခ်ိန္လုံး ၾကားေနရခဲ့ရတယ္လို႔ သိရပါတယ္။ ဖခင္ျဖစ္သူကိုယ္တိုင္လည္း စစ္တပ္ရဲ႕ ညွဥ္းပန္းႏွိပ္စက္ ရိုက္ႏွက္ခံရမႈက မလြတ္ေျမာက္ခဲ့ပါဘူး။

စက္တင္ဘာလ ၁၄ ရက္ေန႕ ေန႕လယ္မွာေတာ့ ဖခင္ျဖစ္သူ ဦးတိုးႀကီးကို စစ္တပ္က ျပန္လႊတ္ေပးခဲ့ေပမယ့္ သားျဖစ္သူကိုေတာ့ ဆက္လက္ ဖမ္းဆီးၿပီး ညွဥ္းပန္းႏွိပ္စက္ေနခဲ့ပါတယ္။

စစ္ေၾကာေရးမွာသားျဖစ္သူကိုႏွိပ္စက္ေနတဲ့အသံေတြကို ဦးတိုးႀကီး နားထဲကမထြက္ဘဲ အိမ္ျပန္ေရာက္ခ်ိန္မွာလည္း ဖခင္ ဦးတိုးႀကီး စိတ္ေတြေခ်ာက္ခ်ားကာ စိတ္ပုံမွန္မဟုတ္တဲ့ အေျခအေနေတြျဖစ္လာတယ္လို႔ မိသားစုနဲ႕ နီးစပ္သူကဆိုပါတယ္။

သားျဖစ္သူကို လႊတ္ေပးဖို႔နဲ႕ လြတ္ေအာင္ ႀကိဳးစားေပးဖို႔ ပါးစပ္ တတြတ္တြတ္ေျပာသလို သူ႕ကိုလည္း လာဖမ္းၾကဦးမွာလို႔ ဦးတိုးႀကီးက အၿမဲေျပာေနခဲ့ပါတယ္။

အိမ္ျပတင္းေပါက္ေဘးေလးကေန လမ္းမေပၚကို ၾကည့္ၿပီး သားျဖစ္သူ ျပန္လာဖို႔ ေစာင့္ေနသလို သူ႕ကိုလည္း စစ္တပ္က ေနာက္တစ္ႀကိမ္ လာေခၚေတာ့မွာလို႔ ေျပာဆိုေနပါတယ္။

စက္တင္ဘာလ ၁၉ ရက္ေန႕မွာေတာ့ သားေဇာကပ္ၿပီးပူေဆြးေသာကေရာက္ေနတဲ့ဖခင္ ဦးတိုးႀကီးက ရပ္ကြက္ဘုန္းႀကီးေက်ာင္းေနာက္ဖက္ၿခံထဲမွာ ခြၽန္ထက္တဲ့အရာတခုနဲ႕သူ႕လည္ပင္းသူလွီးျဖတ္ၿပီးအဆုံးစီရင္သြားခဲ့တယ္။

ခြၽန္ထက္တဲ့ အရာနဲ႕ သူ႕လည္ပင္းသူ မထိုးခင္မွာ ဦးတိုးႀကီးက ႀကိဳးဆြဲခ် အဆုံး စီရင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ႀကိဳးျပတ္သြားလို႔ ေအာင္ျမင္ပုံမရခဲ့ပါဘူးလို႔ သိရပါတယ္။ သစ္ပင္မွာ ႀကိဳးျပတ္ အပိုင္းအစေတြက သူ ႀကိဳးဆြဲခ်ခဲ့မႈ မေအာင္ျမင္ခဲ့တာကို သက္ေသ ထူေနပါတယ္။

မိဘတေယာက္ရဲ႕ေနရာကေနသာခံစားၾကည့္ၾကပါေတာ့ဗ်ာလူမဆန္တဲ့စစ္တပ္ရဲ႕လုပ္ရပ္ေတြဟာဘယ္ေလာက္ဆိုးလဲဆိုတာ ေတြးသားၾကည့္ၾကပါေတာ့

myanmaralinn

Be the first to comment

Leave a Reply

Your email address will not be published.


*