အဆိုတော်မေလသံစဥ်နဲ့ပတ်သက်ပြီးဝေဖန်နေတဲ့ပရိတ်သတ်အချို့သိဖို့ ပြောလိုက်တဲပြည်သူတဦး

Unicode

အွန်လိုင်းမှာ အမှတ်မထင်ရေးလိုက်မိတဲ့ စာလေးတစ်ကြောင်းကြောင့် ပရိတ်သတ်တွေကြားဝေဖန်မှုတွေနဲ့ပွဲဆူနေတဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ မေလသံစဉ်ဆိုတဲ့ အဆိုတော် မလေးကတော့ မြန်မာသံတေးသီချင်းလေးတွေ နဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်ဘမ်လ် ကလည်း ပရိသတ်တွေကြား မှာအတော်လေး ရေပန်းစားခဲ့တာပါ။

ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။ခုလို အခြေအနေတွေမှာလည်း တတ်နိုင်သလောက် သူမအနေနဲ့ လိုအပ်တဲ့နေရာတွေကို ပါဝင်လှူဒါန်းပေးနေ တာတွေ့ရပါတယ်။မေလသံစဉ်က မြန်မာနိုင်ငံကြီးနဲ့ ပက်သက်လို့ ရှေ့မထွက်လာရတဲ့အကြောင်းရင်းကိုလွန်ခဲ့တဲ့ နာရီပိုင်းလောက်တုန်းက တင်လာခဲ့ပါတယ်။

မေလသံစဉ်က “မြင်​တွေ့ နေရတဲ့သတင်း​တွေ​ကြောင့်တစ်ရက်မှ မ​ပျော်ရွှင်ရပါဘူး။ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး…အ​ရေးကြီးတဲ့ သတင်း​တွေ​ေ ကျာ်သွားမှာစိုးလို့FB ပေါ်မှာ သီချင်း​တွေလည်း ဆိုမပြဖြစ်​တော့ဘူး။ အနာဂတ်တွေလဲပျောက်တယ် ဒါလူတိုင်းပါပဲ။

မေလကို ချစ်တဲ့သူတွေ မေလကို သတိရတဲ့အချိန်ဒီတယ်လီဂရမ် ချန်နယ်​လေးမှာ အဆက်အသွယ်ယူကြမယ်နော် ” ဆိုပြီး

ရေးသားလာပြီးနောက်ပိုင်းမှာတော့ သူမရေးသားထားတဲ့ ပို့စ်အောက်မှာတော့ ဝေဖန်သူတစ်ချို့လည်း ရှိလာခဲ့ပြန်ပါတယ်။မိနစ်အနည်းငယ်နောက်ပိုင်းမှာတော့ သူမရေးသားထားတဲ့ ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး..ဆိုတဲ့ စာသားတွေကို ဖျက်ပြီး အသစ်ပြန်တင်လာခဲ့ပြန်ပါတယ်။

လူတွေကလဲအဲ့လိုပါပဲ ဘာဘေးဖြစ်ဖြစ်ဝေဖန်ရှုပ်ချဖို့ပဲသိကြတာပါ တချို့ကိစ္စတွေက ကိုချင်းစာနားလည်ပေးသင့်ပါတယ် ကိုသု့နေရာမရောက်ရင် မခံစားတတ်ပါဘူး အရမ်းမဝေဖန်ဖို့လဲသတိပေးချင်ပါတယ်ဗျာ

myanmaralinn

zawgyi








myanmaralinn

Be the first to comment

Leave a Reply

Your email address will not be published.


*