Local News

ရဲမေ ၁ဂ ယောက်ကိုသားမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ ရဲမဒိန်းဘုရင်ကို စကစမှ နဂိုရာထူးပြန်ပေးလိုက်ပြီ

unicode

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် လေးလခန့်အလိုက မြန်မာ့လူ့အဖွဲ့အစည်း

အတွင်း ရွေးကောက်ပွဲအကြို ရင်ခုန်သံများသာ မိုးလုံးညံနေစဉ် ရဲမှူးချုပ် ဇော်မိုးသန်းဆိုသော အမည်က ကြားဖြတ် အရေးကြီးသတင်းအလား ပွက်လော ရိုက်ခဲ့ဖူးသည်။

ရဲမှူးချုပ်ဇော်မိုးသန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခေါင်ချုပ် အဆင့်မြင့်အရာရှိ ထဲက တစ်ဦး။ မြန်မာတစ်နိုင်ငံလုံးမှ ရဲတပ်ဖွဲ့ဝင်များ၏ ရာထူးအပြောင်းအရွှေ့ နေရာချထားရေး ကိစ္စရပ်များကို စီမံခန့်ခွဲရသည့် ရဲရာထူးခန့်ချုပ်ဖြစ်သည်။

အဆိုပါ ရဲရာထူးခန့်ချုပ်ရဲမှုးချုပ်ဇော်မိုးသန်းက ၎င်း၏ လက်အောက်ငယ်သား ရဲမေအချို့အား ရာထူးတိုးပေးမည့် မက်လုံးဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ သည်ဟု တိုင်ကြားခံရကာ ရဲတရားရုံးကစစ်ဆေးပြီးနောက် ၂၀၂၀ခုနှစ် ဇူလိုင်လအတွင်းက ရာထူးမှဖြုတ်ချခံရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

ယခုတွင်ရဲ့မှူး ဇော်မိုးသန်းအား စကစမှ နဂိုရာထူးပြန်ပေးထားပြီး တာဝန်ပေးခိုင်းစေလျက်ရှိသည် တိုင်းပြည်အုပ်ချုပ်သူတွေကအခုလိုစိတ်ဓာတ်လေးတွေနဲ့ဆိုတော့တိုးတက်မှာပေါ့ဗျာ လို့ ရဲဝန်ထမ်းတဦးကလဲပြောခဲ့သည်

ကတပ်ချစ်သူနဲ့ ရဲချစ်သူတွေကိုလဲတခုပြောချင်တာက သမီးတွေညီမတွေရှိရင်တော့ တပ်ထဲရဲထဲမသွင်းကြပါနဲ့ ပါတီအရောင်ခဲဲခါးလို့မဟုတ်ပါဘူး ညီမချင်း သမီးချင်းကိုချင်းစာလို့ပါလို့ရဲအရာရှိဟောင်းတဦးမှလဲပြောကြားခဲ့သည်

crexit

zawgyi






ကတပ်ချစ်သူနဲ့ ရဲချစ်သူတွေကိုလဲတခုပြောချင်တာက သမီးတွေညီမတွေရှိရင်တော့ တပ်ထဲရဲထဲမသွင်းကြပါနဲ့ ပါတီအရောင်ခဲခါးလို့မဟုတ်ပါဘူး ညီမချင်း သမီးချင်းကိုချင်းစာလို့ပါလို့ရဲအရာရှိဟောင်းတဦးမှလဲပြောကြားခဲ့သည်

crexit

Leave a Comment

x
error: Alert: Content is protected !!