Local News

စကစ ကတော့အရှက်ကွဲအောင်လုပ်ပြန်ပြီ

unicode

မြန်မာ့အရေးဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာ အပါအဝင် လုံလောက်တဲ့ပူးပေါင်းဆောင်ရွက်္မှု့မျိုး စစ်ကောင်စီက ဆီက မရရှိတာကြောင့် လာမယ့် အောက် တိုဘာ ၂၆ ရကl်မှာကကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါသည်။

ဒါပေမဲ့ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတစ်ဦးကို အာဆီယံက တက်ရောက်ခွင့်ပြုထားတာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက နိုင်ငံရေးရာထူးမရှိတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်ပမီဒီယာတစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ဖော်ပြောလိုက်ပါသည်။

ဒါပေမဲ့ အဲဒီကိုယ်စားလှယ်ရဲ့ အမည်နဲ့ရာထူးကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အာဆီယံအရေးနဲ့ ပတ်သက်လို့ မင်းအောင်လှိုင် ကလည်း အောက်တို ဘာ ၁၈ ရက်၊ မနေ့က အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေဟာ ညှိနှိုင်းလို့မရတာတွေပါဝင်ပေမဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါသည်။

”အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေးကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ် လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။

လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေပါတယ်။

ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ သူကဆိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအချို့ဘက်က ဆောင်ရွက်နေတဲ့ အကြမ်းဖက်္မှု့တွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ ဟန့်တားတာမတွေ့ရပေမဲ့ စစ်ကောင်စီကိုပဲ တောင်းဆိုမှု့တွေပြုလုပ်နေတယ်လို့လည်း စစ်တပ်ခေါင်းဆောင်က နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်တင်ခဲ့ပါသည်။

စစ်ကောင်စီ လက်​အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံအစည်းအဝေး တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှု့ဆိုင်ရာကိစ္စတွေကို တူညီမျှတတဲ့ ဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့တာဟာ အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်္မိပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း အောက်တိုဘာ ၁၆ ရက်္မှာ ထုတ်ပြန်ခဲ့ပါသည်။

credit

zawgyi

ျမန္မာ့အေရးေျဖရွင္းဖို႔ ခန႔္အပ္ထားတဲ့ အာဆီယံအထူးကိုယ္စားလွယ္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ေတြ႕ခြင့္မျပဳတာ အပါအဝင္ လုံေလာက္တဲ့ပူးေပါင္းေဆာင္႐ြက္ၼႈ႕မ်ိဳး စစ္ေကာင္စီက ဆီက မရရွိတာေၾကာင့္ လာမယ့္ ေအာက္ တိုဘာ ၂၆ ရကl္မွာကက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ မင္းေအာင္လွိုင္ကို တက္ေရာက္ခြင့္မျပဳဖို႔ အာဆီယံက ဆုံးျဖတ္ခဲ့ပါသည္။

ဒါေပမဲ့ နိုင္ငံေရးကိုယ္စားျပဳမႈ မရွိသူတစ္ဦးကို အာဆီယံက တက္ေရာက္ခြင့္ျပဳထားတာေၾကာင့္ နိုင္ငံျခားေရး ဝန္ႀကီး႒ာနက နိုင္ငံေရးရာထူးမရွိတဲ့ အဆင့္ျမင့္ကိုယ္စားလွယ္တစ္ဦးကို ေစလႊတ္ဖို႔ရွိတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပည္ပမီဒီယာတစ္ခုကို ေအာက္တိုဘာ ၁၉ ရက္ေန႕က ထုတ္ေဖာ္ေျပာလိုက္ပါသည္။

ဒါေပမဲ့ အဲဒီကိုယ္စားလွယ္ရဲ႕ အမည္နဲ႕ရာထူးကို ထုတ္ေဖာ္ေျပာဆိုတာ မရွိပါဘူး။

အာဆီယံအေရးနဲ႕ ပတ္သက္လို႔ မင္းေအာင္လွိုင္ ကလည္း ေအာက္တို ဘာ ၁၈ ရက္၊ မေန႕က အေရးေပၚ မိန႔္ခြန္းတစ္ရပ္ ေျပာၾကားခဲ့ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုခ်က္ေတြဟာ ညွိႏွိုင္းလို႔မရတာေတြပါဝင္ေပမဲ့ အတတ္နိုင္ဆုံးပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က အဲဒီမိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါသည္။

အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ျမန္မာျပည္လာေရးကိစၥမွာ အဆိုျပဳေတာင္းဆိုခ်က္ အမ်ိဳးမ်ိဳး ျဖစ္ေပၚ လာတဲ့အတြက္ေၾကာင့္ ညွိႏွိုင္းေဆြးႏြေးေနရဆဲျဖစ္ပါတယ္။ နိုင္ငံတစ္ခုဟာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ေရးကို ပိုင္းျခားခြဲေဝၿပီး ေဆာင္႐ြက္ပါတယ္။

လိုအပ္ခ်က္အရ သီးျခားထုတ္ျပန္တဲ့အမိန႔္နဲ႕ ဥပေဒမ်ားမွအပ ပိုင္းျခားေဆာင္႐ြက္မႈအတိုင္း လုပ္ၾကရတာျဖစ္ပါတယ္။ အာဆီယံကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုမႈေတြမွာ ညွိႏွိုင္းလို႔ မရတာေတြရွိေနပါတယ္။

ဘယ္လိုပဲျဖစ္ေစ ကြၽန္ေတာ္တို႔နိုင္ငံအေနနဲ႕ အာဆီယံအဖြဲ႕ဝင္နိုင္ငံျဖစ္တာနဲ႕အညီ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္လို႔ သူကဆိုပါသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႕ တိုင္းရင္း သား လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ဘက္က ေဆာင္႐ြက္ေနတဲ့ အၾကမ္းဖက္ၼႈ႕ေတြနဲ႕ ပတ္သက္လို႔ ဘယ္သူကမွ ဟန႔္တားတာမေတြ႕ရေပမဲ့ စစ္ေကာင္စီကိုပဲ ေတာင္းဆိုမႈ႕ေတြျပဳလုပ္ေနတယ္လို႔လည္း စစ္တပ္ေခါင္းေဆာင္က နိုင္ငံတကာအသိုင္းအဝိုင္းကို အျပစ္တင္ခဲ့ပါသည္။

စစ္ေကာင္စီ လက္ေအာက္ခံ နိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အာဆီယံအစည္းအေဝး တက္ေရာက္ေရးကိစၥအပါအဝင္ ကိုယ္စားျပဳမႈ႕ဆိုင္ရာကိစၥေတြကို တူညီမွ်တတဲ့ ဆႏၵမရွိဘဲ ေဆာင္႐ြက္ခဲ့တာဟာ အာဆီယံရဲ႕ ရည္႐ြယ္ခ်က္နဲ႕ဆန႔္က်င္ေနတဲ့အတြက္ ျမန္မာနိုင္ငံအေနနဲ႕ လြန္စြာစိတ္ပ်က္ၼိၿပီး ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ေအာက္တိုဘာ ၁၆ ရက္ၼွာ ထုတ္ျပန္ခဲ့ပါသည္။

credit

Leave a Comment

error: Alert: Content is protected !!