Knowledge

ဗဟုသုတအနေနဲ့သိထားသင့်သည့်ဂီယာများ ကိုယ်မောင်းနေတဲ့ ကားမှာမပါလည်း ဖတ်ကြည့်ပါ…

ဗဟုသုတအနေနဲ့သိထားသင့်သည့်ဂီယာများ ကိုယ်မောင်းနေတဲ့ ကားမှာမပါလည်း ဖတ်ကြည့်ပါ…

◼️4WD မှာပါတဲ့ L – H နဲ့ C ဆိုတဲ့အက္ခရာတွေရဲ့ အသုံးပြုပုံများ⬇⬇

▪️2H – 4H – 4HLC – LC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

▪️4H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီးနှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှစေဖို့ သုံးတာဖြစ်ပါတယ်။

▪️4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့ဘီးနောက်ဘီးတွေရဲ့လိမ်အားကို ၅၀%စီမျှတအောင် လုပ်ဆောင်စေတာဖြစ်ပါတယ်။အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီ (Mode) ကို ချိန်းပေးရတာပါ။ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

▪️4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှာ Gear modeကို ချိန်းပေးရမှာပါ။တောတွေ တောင်ကုန်းငယ်တွေတက်တဲ့အခါမှာ သုံးနိုင်ပါတယ်။

▪️နောက် ပုံမှန်ကားတွေမှာပါတဲ့

➡️P ဆိုတာ Parking (ပါကင်)ရပ်ထားတာပါ။

➡️R ဆိုတာ Reverse နောက်ဆုတ်ခြင်းပါ။

➡️N ဆိုတာ NEUTRAL ဂီယာပါ။

➡️D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။

➡️+/- (သို့) M +/- ဆိုတာ အော်တိုမှ မန်နူရယ်ချိန်းပြီး ကိုယ်တိုင် ဂီယာ (အတိုး/အလျော့) လုပ်တာပါ။

#private_way_auto_mart_

#crd_original_uploader

#crd_photo

Zawgyi

ဗဟုသုတအေနနဲ႔သိထားသင့္သည့္ဂီယာမ်ား ကိုယ္ေမာင္းေနတဲ့ ကားမွာမပါလည္း ဖတ္ၾကည္႕ပါ…

◼️4WD မွာပါတဲ့ L – H နဲ႔ C ဆိုတဲ့အကၡရာေတြရဲ႕ အသုံးျပဳပုံမ်ား⬇⬇

▪️2H – 4H – 4HLC – LC ဆိုၿပီးေတာ့ပါတဲ့ 4WD ကားေတြမွာဆိုရင္2H ဆိုတာ ေနာက္ဘီးႏွစ္ဘီးယက္စနစ္ျဖစ္ပါတယ္။သူက ပုံမွန္လမ္းေတြမွာ ပုံမွန္ သြားေစပါတယ္။

▪️4H ဆိုတာကေတာ့ ေရွ႕ဘီး ေနာက္ဘီးႏွစ္မ်ိဳးလုံး စက္အားျဖင့္ တြန္းေစတာပါ။ ရာသီဥတုဆိုးဝါးခ်ိန္မွာ ဆြဲအားညီမွ်ေစဖို႔ သုံးတာျဖစ္ပါတယ္။

▪️4HLC ဆိုတာကေတာ့ center differential ကို lock လုပ္လိုက္တာပါ။ေျပာရရင္ ေရွ႕ဘီးေနာက္ဘီးေတြရဲ႕လိမ္အားကို ၅၀%စီမွ်တေအာင္ လုပ္ေဆာင္ေစတာျဖစ္ပါတယ္။အထူးသတိေပးခ်င္တာက ကားရပ္ၿပီးမွ ဒီ (Mode) ကို ခ်ိန္းေပးရတာပါ။႐ႊံ႕ႏြံ လမ္းၾကမ္းေတြမွာသုံးတာပါ။

▪️4LLC ကေတာ့ Low range Gear lock center ျဖစ္ေစတာပါ။ သူ႔ကိုသုံးရင္လဲ ကားရပ္ၿပီးမွာ Gear modeကို ခ်ိန္းေပးရမွာပါ။ေတာေတြ ေတာင္ကုန္းငယ္ေတြတက္တဲ့အခါမွာ သုံးႏိုင္ပါတယ္။

▪️ေနာက္ ပုံမွန္ကားေတြမွာပါတဲ့

➡️P ဆိုတာ Parking (ပါကင္)ရပ္ထားတာပါ။

➡️R ဆိုတာ Reverse ေနာက္ဆုတ္ျခင္းပါ။

➡️N ဆိုတာ NEUTRAL ဂီယာပါ။

➡️D ဆိုတာ DRIVE ေရွ႕သို႔ေမာင္းႏွင္ျခင္းပါ။

➡️+/- (သို႔) M +/- ဆိုတာ ေအာ္တိုမွ မန္ႏူရယ္ခ်ိန္းၿပီး ကိုယ္တိုင္ ဂီယာ (အတိုး/အေလ်ာ့) လုပ္တာပါ။

#private_way_auto_mart_

#crd_original_uploader

#crd_photo

Leave a Comment

x
error: Alert: Content is protected !!