Art New International News

လူသိနည်းခဲ့တဲ့ သရပ်ဆောင်မေသန်းနုတို့မိသားစုရဲ့ နောက်ကွယ်ကဘဝသမိုင်းကြောင်း…

unicode

ဒါရိုက်တာလောကမှာ အကယ်ဒမီများစွာနဲ့အတူ အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့ တာကတော့ ဇင်ယော်မောင်မောင်ပဲဖြစ်ပါတယ်။သူ့ရိုက်ကူးတဲ့ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေအားပေးမှုနဲ့အတူအောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။သူကတော့နာမည်ကျော်မင်းသမီးဖြစ်တဲ့ မေသန်းနုရဲ့ခင်ပွန်းဟောင်းလည်းဖြစ်ပါတယ်။

သူကတော့အောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်ချိန် ထူးချိန်တဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာပါ။မင်းသန့်မောင်မောင်ကလည်း လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းမှ မြန်မာနိုင်ငံ ကိုပြန်ရောက်ကာ ဇာတ်ကားတွေအဖေနဲ့အတူရိုက်ကူးပုံဖော်နေတာပါ။ခုမှာလည်း ဇင်ယော်မောင်မောင်က သူ့သားအပေါ်ထားရှိတဲ့မိဘမေတ္တာလေးတွေကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တာပါ။

မိဘဟူသည်……ကိုယ့်ရဲ့သားသမီးများကို ချစ်ခင်မြတ်နိူးကြသည်။အလွန်ဂရုစိုက်ကြသည်။ကျွေးမွေးစောင့်ရှောက်ကြသည်။ပညာသင်ပေးသည်။အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ရောက်စေလိုသည်မှာ ဓမ္မတာပါ။ကျွန်တော်သည်လည်း မိဘများထဲက မိဘတစ်ဦးဖြစ်ပါသည်။ကျွန်တော့်သားလေးကို မွေးကထဲက ယနေ့ အထိလိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ခဲ့တယ်။

ပညာသင်ပေးခဲ့တယ်။ကိုရင်ဝတ်ပေးတယ်။ရဟန်းဝတ်ပေးတယ်။မွေးနေ့တွေကျင်းပပေးခဲ့တယ်။ရှိစုမဲ့စုလေးတွေ ထုခွဲရောင်းချပြီး ပညာတော်သင်လွှတ်တယ်။သား ကို ချစ်တဲ့ ဇော နဲ့ သူ့ မိ ခင် ကိစ္စ ကို အ ထူး အ ပင် ပန်း ခံ ဆောင် ရွက် ခဲ့ တယ် ..ယခုလို ကိုဗစ်အ ခြေ နေ..တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေ လူမှုရေးအခြေအနေ တိုင်းပြည်ရဲ့နိုင်ငံရေး အခြေအနေကြားထဲမှာ လူတွေဟာ ကျန်းမာရေးကအစ စီးပွားရေးအဆုံး မိမိရဲ့ဘဝကို ရှင်သန်ရပ်တည်နိုင်အောင် နည်းမျိုးစုံဖြင့် မိမိရောက်လိုသည့် ပန်းတိုင်၏ ဦးတည်ရာသို့ ပင်လယ်ပြင်ထဲက လှေတစ် စင်းပမာ လှော်ခတ်လာခဲ့သည်။

ကမ်းသည် မြင်တလှည့် မမြင်တလှည့် ..နေ့သည် ညအဖြစ်သို့ ရောက်ရှိလိုက် ..ညသည် နေ့အဖြစ်သို့ ရောက်ရှိလိုက် …မရပ်မနားလှော်ခတ်နေရပါသည်။မိမိ၏ရင်သွေးကိုချစ်ခင်သော ဖခင်တစ်ယောက်အနေနဲ့ ဖြစ်လိုသည့် ဆန္ဒ ဖြစ်ချင်သည့် ဆန္ဒ အတင်းအားထည့် ကြိုးစားခဲ့ရသည်မှာ ပင်ပန်းလှပြီ ဖြစ်သည်။မောပန်းလှပြီ ဖြစ်သည်။ သို့သော် လှော်ခတ်နေဆဲ ရှင်သန်နေဆဲ ရုံးကန်နေဆဲပါ။မိဘတို့၏ သားသမီးတို့အပေါ်ထားရှိသည့် ချစ်ခြင်း မေတ္တာတရားဆိုတဲ့ ခွန်အားနဲ့ ဆောင်ရွက်နေဆဲပါ။

အမှားတွေလည်းရှိမယ်။အမှန်တွေ လဲရှိမယ်။သို့သော် သားသမီးကို ချစ်ခင်သော မိဘများ၏လုပ်ဆောင်ချက်များကိုနားလည်ဂရုဏာထားသဘောပေါက်မည် ဆိုလျှင် လှော်ခတ်ရကျိုးနပ်ပါတယ် ကြိုးစားရကျိုးနပ်ပါတယ်။ ပန်းတိုင်ကိုလည်း မရောက်ရောက်အောင်ချီ တက်ရကျိုးနပ်ပါလိမ့်မယ် ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

credit

zawgyi

ဒါရိုက္တာေလာကမွာ အကယ္ဒမီမ်ားစြာနဲ႕အတူ ေအာင္ျမင္မႈေတြကိုသိမ္းပိုက္နိုင္ခဲ့ တာကေတာ့ ဇင္ေယာ္ေမာင္ေမာင္ပဲျဖစ္ပါတယ္။သူ႕ရိုက္ကူးတဲ့ဇာတ္ကားတိုင္းကလည္း ပရိသတ္ေတြအားေပးမႈနဲ႕အတူေအာင္ျမင္မႈေတြရရွိထားတာျဖစ္ပါတယ္။သူကေတာ့နာမည္ေက်ာ္မင္းသမီးျဖစ္တဲ့ ေမသန္းႏုရဲ႕ခင္ပြန္းေဟာင္းလည္းျဖစ္ပါတယ္။

သူကေတာ့ေအာင္ျမင္တဲ့သူတစ္ေယာက္အျဖစ္ရပ္တည္နိုင္ခ်ိန္ ထူးခ်ိန္တဲ့သားေလးတစ္ေယာက္ကိုလည္းပိုင္ဆိုင္ထားတာပါ။မင္းသန႔္ေမာင္ေမာင္ကလည္း လြန္ခဲ့တဲ့ႏွစ္ပိုင္းအတြင္းမွ ျမန္မာနိုင္ငံ ကိုျပန္ေရာက္ကာ ဇာတ္ကားေတြအေဖနဲ႕အတူရိုက္ကူးပုံေဖာ္ေနတာပါ။ခုမွာလည္း ဇင္ေယာ္ေမာင္ေမာင္က သူ႕သားအေပၚထားရွိတဲ့မိဘေမတၱာေလးေတြကို လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပခဲ့တာပါ။

မိဘဟူသည္ကိုယ့္ရဲ႕သားသမီးမ်ားကို ခ်စ္ခင္ျမတ္နိူးၾကသည္။အလြန္ဂ႐ုစိုက္ၾကသည္။ေကြၽးေမြးေစာင့္ေရွာက္ၾကသည္။ပညာသင္ေပးသည္။ေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚကို ေရာက္ေစလိုသည္မွာ ဓမၼတာပါ။ကြၽန္ေတာ္သည္လည္း မိဘမ်ားထဲက မိဘတစ္ဦးျဖစ္ပါသည္။ကြၽန္ေတာ့္သားေလးကို ေမြးကထဲက ယေန႕ အထိလိုေလေသးမရွိေအာင္ ျပဳစုေစာင့္ေရွာက္ခဲ့တယ္။

ပညာသင္ေပးခဲ့တယ္။ကိုရင္ဝတ္ေပးတယ္။ရဟန္းဝတ္ေပးတယ္။ေမြးေန႕ေတြက်င္းပေပးခဲ့တယ္။ရွိစုမဲ့စုေလးေတြ ထုခြဲေရာင္းခ်ၿပီး ပညာေတာ္သင္လႊတ္တယ္။သား ကို ခ်စ္တဲ့ ေဇာ နဲ႕ သူ႕ မိ ခင္ ကိစၥ ကို အ ထူး အ ပင္ ပန္း ခံ ေဆာင္ ႐ြက္ ခဲ့ တယ္ ..ယခုလို ကိုဗစ္အ ေျခ ေန..တိုင္းျပည္ရဲ႕စီးပြားေရးအေျခအေန လူမႈေရးအေျခအေန တိုင္းျပည္ရဲ႕နိုင္ငံေရး အေျခအေနၾကားထဲမွာ လူေတြဟာ က်န္းမာေရးကအစ စီးပြားေရးအဆုံး မိမိရဲ႕ဘဝကို ရွင္သန္ရပ္တည္နိုင္ေအာင္ နည္းမ်ိဳးစုံျဖင့္ မိမိေရာက္လိုသည့္ ပန္းတိုင္၏ ဦးတည္ရာသို႔ ပင္လယ္ျပင္ထဲက ေလွတစ္ စင္းပမာ ေလွာ္ခတ္လာခဲ့သည္။

ကမ္းသည္ ျမင္တလွည့္ မျမင္တလွည့္ ..ေန႕သည္ ညအျဖစ္သို႔ ေရာက္ရွိလိုက္ ..ညသည္ ေန႕အျဖစ္သို႔ ေရာက္ရွိလိုက္ မရပ္မနားေလွာ္ခတ္ေနရပါသည္။မိမိ၏ရင္ေသြးကိုခ်စ္ခင္ေသာ ဖခင္တစ္ေယာက္အေနနဲ႕ ျဖစ္လိုသည့္ ဆႏၵ ျဖစ္ခ်င္သည့္ ဆႏၵ အတင္းအားထည့္ ႀကိဳးစားခဲ့ရသည္မွာ ပင္ပန္းလွၿပီ ျဖစ္သည္။ေမာပန္းလွၿပီ ျဖစ္သည္။ သို႔ေသာ္ ေလွာ္ခတ္ေနဆဲ ရွင္သန္ေနဆဲ ႐ုံးကန္ေနဆဲပါ။မိဘတို႔၏ သားသမီးတို႔အေပၚထားရွိသည့္ ခ်စ္ျခင္း ေမတၱာတရားဆိုတဲ့ ခြန္အားနဲ႕ ေဆာင္႐ြက္ေနဆဲပါ။

အမွားေတြလည္းရွိမယ္။အမွန္ေတြ လဲရွိမယ္။သို႔ေသာ္ သားသမီးကို ခ်စ္ခင္ေသာ မိဘမ်ား၏လုပ္ေဆာင္ခ်က္မ်ားကိုနားလည္ဂ႐ုဏာထားသေဘာေပါက္မည္ ဆိုလွ်င္ ေလွာ္ခတ္ရက်ိဳးနပ္ပါတယ္ ႀကိဳးစားရက်ိဳးနပ္ပါတယ္။ ပန္းတိုင္ကိုလည္း မေရာက္ေရာက္ေအာင္ခ်ီ တက္ရက်ိဳးနပ္ပါလိမ့္မယ္ ဆိုၿပီးေရးသားေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

credit

Leave a Comment

error: Alert: Content is protected !!