Art New

သတင်းတစ်ခုကြောင့်စိတ်မကောင်းဖြစ်နေတဲ့အဆိုတော်R ဇာနည်

Unicode

ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။

R ဇာနည် ဟာ MRTV-4 ကနေ စီစဥ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် အာဇာနည် ဟာ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

အဆိုတော် R ဇာနည် ကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်ရင်း ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာပါ။

အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ အဆိုတော် R ဇာနည် ဟာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေဘက်မှာ အမြဲရှိတာကြောင့် ပရိသတ်တွေပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။

R ဇာနည် ကတော့သတင်းဆိုးတစ်ခုနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဒီနေ့ ကြားရတဲ့သီတင်းနဲ့ ရင်ဆိုင်ရတာ အရင်းနှီးကြီးလိုက်တာ လို့ ခံပြင်းဒေါသထွက်စွာ ရေးသားထားကိုတွေ့ရပါတယ်။ အကြောင်းရင်းကတော့ ဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုတဲ့သတင်းကြောင့်လို့ သိရပါတယ်။

ဒီသတင်းကြောင့် အနုပညာလောကမှ အနုပညာရှင်တစ်ချို့ ကလဲ စိတ်မကောင်းတဲ့အကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က အဆိုတော် R ဇာနည် ဟာ ဝါရင့်အဆိုတော်ကြီး လင်းလင်းနဲ့အတူ နိုင်ငံရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ နောက်ဆုံးဖြစ်ရမယ် ဆိုတဲ့သတင်းထွက်ရှိထားပြီးတော့ ကြည့်ရှု့သူနဲ့ပြန်လည်မျှဝေသူများစွာ ရှိပါတယ်။

Credit

Zawgyi








Credit

Leave a Comment

error: Alert: Content is protected !!