Art New

ဟော်တယ်မှာလုပ်ရမဲ့မွေးနေ့ဆိုပေမယ့် pdf တွေနဲ့အတူတောထဲမှာပဲ ကျင်းပခဲ့တဲ့ မြနှင်းရည်လွင်ရဲ့ပျော်စရာမွေးနေ့လေး

unicode

ပြည်သူနှင့်အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် သရုပ်ဆောင် မြနှင်းရည်လွင်သည် ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သော ၎င်း၏ အသက် ၃၅ နှစ်ပြည့် မွေးနေ့အတွက် PDF တပ်ဖွဲ့များထံ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

မြနှင်းရည်လွင်၏ မွေးနေ့အလှူအဖြစ် မြောင်မြို့နယ် တော်လှန်ရေးတပ် (Myaung Revolution Army) အတွက် မွေးနေ့အလှူ အာဟာရဒါန ငွေကျပ် ၅ သိန်း၊ PDF ရဲဘော်များအတွက် နေ့လယ်စာ ကြက်သားဟင်းနှင့် ချဉ်ပေါင်ဟင်း၊ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLPDF) အတွက် အလှူငွေ ကျပ် ၂ သိန်းနှင့် 96 SOLDIERS – PDF မှ ရဲဘော်များ ထမင်းတနပ်စာအတွက် ၂ သိန်းကျပ် လှူဒါန်းမှုတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် မြနှင်းရည်လွင်သည် ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီ၏ ဖမ်းဝရမ်း ထုတ်ခံထားရသော အနုပညာရှင်တဦးလည်း ဖြစ်သည်။

တချိန်ကဘယ်လိုပဲချမ်းသာပြီးနာမည်ကြီးပါစေအမှန်တရားအတွက်ပြည်သူနဲ့တသားထဲရပ်တည်ပြီး ပြည်သူအတွက်တာဝန်ကျေတဲ့ပြည်သူချစ်အနုပညာရှင်တယောက်အဖြစ်အရမ်းကိုလေးစားမိပါတယ်

credit

Leave a Comment

error: Alert: Content is protected !!