Lifestyle

ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးသော အများသုံးအိမ်သာနံရံ၏ဖူးစာ

ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးသော အများသုံးအိမ်သာနံရံ၏ဖူးစာ လူသားတိုင်းသည် အချစ်ဆိုသောအရာနှင့် တစ်ချိန်ချိန်တွင် ထိတွေ့လာရစမြဲပင်ဖြစ်သည်။အချစ်ဆိုသော စကားသည် အဓိပ္ပါယ်ဖွင့်ဆိုရန် အလွန်ပင်ခက်ခဲသော ဒြပ်မဲ့အရာတစ်ခုဖြစ်သည်။အချစ်သည်အလွန်ပင်ဆန်းပြားလှပြီး တစ်ခါတစ်ရံတွင် ရင်းနှီးမှုမရှိသော တစ်စုံတစ်ယောက်ကိုပင် မြင်မြင်ချင်းချစ်မိသွားသည်မျိုး ဖြစ်တတ်သည်။ ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၅၅နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ္ဘာပေါ်မှအထူးဆန်းဆုံးသော နည်းလမ်းဖြင့် ဖူးစာရှင်အစစ်ကိုရှာတွေ့ခဲ့ခြင်းဖြစ်ပါသည်။အင်္ဂလန်နိုင်ငံအနောက်ပိုင်းရှိပြည်နယ်တစ်ခု၏ အများသုံးအိမ်သာတွင် ၅၅နှစ်အရွယ် အမျိုးသားသည် အိမ်သာတတ်နေစဉ် အိမ်သာနံရံတွင် တွေ့ရှိခဲ့သော ဖုန်းနံပါတ်တစ်ခုမှ ဇာတ်လမ်းစကာ ဖူးစာရှင်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နံရံပေါ်တွင် “သင့်အတွက် ကောင်းမွန်သောအရာကိုလိုချင်ရင် ဒီဖုန်းနံပါတ်ကိ...

Read More
Lifestyle

စားသောက်ကုန်စစ်ဆေးတဲ့ရဲလို့ လိမ်လည်ပြီး KFC မှာ တစ်နှစ်လုံးလုံး အလကားစားခဲ့တဲ့ အမျိုးသားအား ဖမ်းဆီးနိုင်ခဲ့

စားသောက်ကုန်စစ်ဆေးတဲ့ရဲလို့ လိမ်လည်ပြီး KFC မှာ တစ်နှစ်လုံးလုံး အလကားစားခဲ့တဲ့ အမျိုးသားအား ဖမ်းဆီးနိုင်ခဲ့ South African ရှိ အမည်မဖော်ထားတဲ့အမျိုးသားတစ်ဦးဟာ KFC မှ အစားအစာများရဲ့အရည်အသွေးကို စစ်ဆေးမှုများပြုလုပ်ရန် ဌာနချုပ်မှ သူ့ကို စေလွှတ်လိုက်ကြောင်း KFC ဝန်ထမ်းများအား လှည့်စားပြောဆိုခဲ့ပါတယ်။၎င်းစစ်ဆေးသူတွေဟာ စားသောက်ကုန်က ထုတ်ကုန်စံနှင့်ကိုက်ညီမှုရှိမရှိကို စစ်ဆေးပြီး စားသုံးကြည့်နိုင်ပါတယ်။အဆိုပါအမျိုးသားရဲ့ လှည့်စားခဲ့တဲ့ အကြိမ်ရေကိုတော့ အတိအကျမဖော်ပြထားပေမဲ့လည်း သူဟာ တစ်နှစ်လုံးလုံး ထိုသို့ပြုလုပ်ခဲ့ပါတယ်။သူဟာ KwaZulu-Natal တက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်နိုင်ပြီး ဆိုင်သို့ မကြာခဏရောက်လာလေ့ရှိသလို ဝတ်စားဆင်ယင်မှုအပြည့်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနေခဲ့တဲ့အပြင် “ ရုံးချုပ်” က မှတ်ပုံတင်ကိုလည်းပြသခဲ့ကြောင်း ဆိုင်ဝန်ထမ်းများက ပြောပြခဲ့ပါတယ်။ ၎င်းယုံကြည်...

Read More
Lifestyle

ကမ္ဘာကျော်နေတဲ့ ဆယ်ကျော်သက်dancerတွေအနားယူသွားနိုင်တဲ့ အဖွားအိုတစ်ဦး၏ ချက်ပြုတ်ရေး dancerအက videoအရမ်းပင်နာမည်ကြီးနေ

ကမ္ဘာကျော်နေတဲ့ ဆယ်ကျော်သက်dancerတွေအနားယူသွားနိုင်တဲ့ အဖွားအိုတစ်ဦး၏ ချက်ပြုတ်ရေး dancerအက videoအရမ်းပင်နာမည်ကြီးနေ ဖိုးဖိုးဖွားဖွားတို့သည် သားသမီးမြေးတို့အတွက် စံနမူနာထားအတုယူရမည့် ပုဂ္ဂိုလ်များဖြစ်အောင် နေထိုင်ပြုမူနေကြရသည်မဟုတ်ပါလား။သားသမီးမြေးတို့ အတုယူမမှားစေရန် အနေအထိုင်ကအစ အားလုံးသတိထားနေကြရသည်။ပျော်ရွင်ချိန်များတွင်လည်း လွတ်လွတ်လပ်လပ်ပျော်ရွင်နိုင်ချိန်က ရှားပါးလှပေသည်။ ယခုနာမည်ကြီးနေသည့် videoတွင်တော့ အဖွားအိုသည် မြေးများအတွက် မီးဖိုထဲတွင် ချက်ပြုတ်နေရင်း dancerအကကို လွတ်လပ်ပေါ့ပါးစွာဖြင့် အရွယ်နှင့်မလိုက်အောင် ကနေခြင်းဖြစ်ပါသည်။ အဖွားအို၏ ကနေသည့်ဟန်မှာ ဖြစ်သလိုအပျော်သဘောဖြင့် ကနေခြင်းမျိုးမဟုတ်ဘဲ စနစ်ကျစွာဖြင့် ကချေသည်တစ်ဦး ကပြဖျော်ဖြေနေသလိုမျိုး ကနေခြင်းမျိုးဖြစ်ပေသည်။ အဖွားအို၏ ကကွက်များသည် သာမန်လူမဆိုထားနှင့် နာမည်ကျော် ...

Read More
LifestyleRelationship

ရည်စားမရှိသူများမြင်လျှင် ထိုင်ငိုသွားနိုင်သည့် အမျိုးသားတစ်ဦး၏ ရေပြင်ကျယ်ကျယ် လှေကလေးပေါ်မှာ ကောင်မလေးနှစ်ယောက်ကို လက်ထပ်ခွင့်တောင်းသည့် videoဖိုင်

ရည်စားမရှိသူများမြင်လျှင် ထိုင်ငိုသွားနိုင်သည့် အမျိုးသားတစ်ဦး၏ ရေပြင်ကျယ်ကျယ် လှေကလေးပေါ်မှာ ကောင်မလေးနှစ်ယောက်ကို လက်ထပ်ခွင့်တောင်းသည့် videoဖိုင် လူသားတိုင်းဟာ အချစ်ဆိုသော အရာနှင့် ကင်းကွာစွာနေထိုင်ရန် အလွန်ခက်ခဲလှသည် မဟုတ်ပါလား။လူတိုင်းဟာ အချစ်ကိုထိတွေ့ခံစားဖူးကြပါသည်။တစ်ချို့တစ်ချို့သော လူတွေကတော့ ကိုယ်ချစ်တဲ့လူရဲ့ငြင်းပယ်ခြင်းကို ခါးခါးသီးသီးဖြင့်သော်လည်းကောင်း ပညာသားပါပါသော်လည်းကောင် ငြင်းပယ်ခြင်း ခံခဲ့ကြရတဲ့ faများလည်း ရှိနေပါသေးတယ်။ ယခု အလွန်ပင်ရေပန်းစား နာမည်ကြီးနေတဲ့ videoဖိုင်လေးကတော့ ရည်းစားမရှိသည့် faများအဖို့မြင်တွေ့လိုက်သည်နှင့် အလွန်ပင်အားကျကာ တစ်ခါတည်း ထိုင်ငိုသွားလောက်ပါတယ်။အကြောင်းကတော့ videoဖိုင်ထဲတွင် အမျိုးသားတစ်ဦးဟာ မြစ်ရဲ့အလယ်ရေပြင်ကျယ်ကြီးထဲတွင် လှေကလေးကိုလှော်ကာ လေကလေးတဖြူးဖြူးနှင့် လှိုင်းတံဘိုးတို့တလူးလူးလိမ့်နေစဉ် ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွ...

Read More
Lifestyle

ပုံမုန်လူတွေထက် ကြီးမားကြံ့ခိုင်တဲ့ခန္ဓာကိုယ်ပုံစံမျိုး ပိုင်ဆိုင်ထားတဲ့အမျိုးသား

ပုံမုန်လူတွေထက် ကြီးမားကြံ့ခိုင်တဲ့ခန္ဓာကိုယ်ပုံစံမျိုး ပိုင်ဆိုင်ထားတဲ့အမျိုးသား တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ Yao Ming အမည်ရှိ အမျိုးသားတစ်ဦးက ရှည်လျားတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး basketball အားကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူ့အရပ်အမြင့်က ၇ ပေ ၆ လက်မ ထိရှည်ပါတယ် ။ Basketball ကစားကွင်းက အားကစားသမားတွေထဲမှာဆို သူကအရပ်အရှည်ဆုံးပါဘဲ။ အခြားသူတွေက သူ့အရပ်အမြင့်ရဲ့ တစ်ဝတ်လောက်ဘဲရှိပါတယ်။အခြားအရပ် ၆ ပေ ၆ လက်မ ရှိတဲ့သူတွေနဲ့ တွဲကြည့်ရင်တော့ Yao Ming က သိပ်မရှည်၊ မကြီးပါဘူး။ ဒါပေမဲ့ ပုံမုန်အရပ်နဲ့ လူတွေကတော့ Yao Ming နဲ့ ယှဉ်ရပ်လိုက်တဲ့အခါမှာ သေးငယ်တဲ့ ပုရွက်ဆိတ်တစ်ကောင်လို့တောင် ထင်မိပါတယ်။ ကျွန်တော်အခု သူ့အရပ် ဘယ်လောက်ရှည်တယ်ဆိုတာကို စာဖတ်သူတွေခန့်မှန်းနိုင်အောင် ဓာတ်ပုံတွေဝေမျှပေးလိုက်ပါတယ်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13...

Read More
Lifestyle

ပန်းချီလက်ရာက သပ်ရပ်လွန်းလို့မိဘတွေဆီက အဆူအဆဲမခံရတဲ့အပြင် ချီးမွမ်းစကားကိုသာရခဲ့တဲ့ ကလေးငယ်

ပန်းချီလက်ရာက သပ်ရပ်လွန်းလို့မိဘတွေဆီက အဆူအဆဲမခံရတဲ့အပြင် ချီးမွမ်းစကားကိုသာရခဲ့တဲ့ ကလေးငယ် ကလေးတွေအတော်များများက လက်ထဲမှာ ဘောပင် ဒါမှမဟုတ် ခဲတံတွေကိုင်ထားခဲ့ရင် လက်ကအငြိမ်မနေတဲ့ တွေ့တဲ့နေရာတွေမှာရေးခြစ်ပစ်ချင်နေကြတာပါ ။ ဒီတစ်ခေါက်မှာလည်း ပန်းချီဝါသနာပါပြီး လက်ရာသပ်ရပ်လွန်းတဲ့ကလေးငယ်က သူ့ရဲ့မိဘကားပေါ်ကို ရုပ်ပုံတွေရေးဆွဲနေခဲ့ပါတယ် ။ ဒါပေမဲ့ ကလေးရဲ့ပန်းချီလက်ရာက သပ်ရပ်လွန်းနေတော့ ကားပေါ်မှာ စတစ်ကာတွေကပ်ထားသလို ကြည့်လို့ကောင်းနေခဲ့ပါတယ် ။ ကားပေါ်ရေးခြစ်ခဲ့တဲ့ကလေးကို မဆူမဆဲခဲ့တဲ့အပြင် မိဘဖြစ်သူတွေက သားလေးကို အားပေးချီးမွမ်းကြကာ သူ့ရဲ့ပန်းချီပုံတွေကို social media ပေါ်မှာတောင် ဝေမျှပေးခဲ့ပါသေးတယ် ။ ပါရမီအခံပါပြီးသား သားသမီးအပေါ် ယုံကြည်မှုအပြည့်နဲ့ support ပေးနေကြတဲ့ မိဘတွေလို့ ပြောရမှာပါပဲ ။ 1. 2. Mia (Mckzone Daily) Source : 小回忆 Little Memories Zawgyi ...

Read More
Lifestyle

ငယ်ချစ်ဦး ဘဝကနေ လက်ထပ်ပြီး အိမ်ထောင်သက် ၇၅ နှစ်မှာ တစ်ယောက် လက်ပေါ်တစ်ယောက်အိပ် စက်ရင်း ဆုံးပါးသွားခဲ့ကြတဲ့ စုံတွဲ..

ငယ်ချစ်ဦး ဘဝကနေ လက်ထပ်ပြီး အိမ်ထောင်သက် ၇၅ နှစ်မှာ တစ်ယောက် လက်ပေါ်တစ်ယောက်အိပ် စက်ရင်း ဆုံးပါးသွားခဲ့ကြတဲ့ စုံတွဲ.. ကမ္ဘာ တစ်ဝန်းမှာ ရှိကြတဲ့တစ်ချို့သော စုံတွဲတွေ.. လင်မယားတွေဟာ၊ အိမ်ထောင်သက် ၇နှစ် လောက်.. ပေါင်းနေနိုင်ဖို့က၊ အလွန့်ကို ခဲရင်းပါတယ်.. ဒါပေမဲ့ အခုဖော်ပြပေးမဲ့ လင်မယားနှစ်ဦးကတော့ အိမ်ထောင်သက်.. ၇၅ နှစ် anniversary မှာ တစ်ယောက် လက်မောင်းပေါ် တစ်ယောက်အိပ်စက်ရင်း သေဆုံးသွားကြတဲ့ ဖြစ်ရပ်လေးပါ.. Jeanette နဲ့ Alexander Loczko အမည်ရှိ လင်မယား.. နှစ်ဦးက လွန်ခဲ့တဲ့ ၈နှစ်ကတည်းက.. အတူတူ နာမကျန်း ဖြစ်နေ ကြတာပါ.. အဘိုးအိုက သူ့ရဲ့ ခေါက်ပိုက်ဆံ အိတ်ထဲမှာ သူမနဲ့ထိမ်းမြှား.. လက်ထပ်ချိန်တုန်းက ရိုက်ထားတဲ့ လက်ထပ်.. ဓာတ်ပုံလေးကို အမြဲသိမ်း ထားပါတယ်.. သူတို့တွေက ၁၉၄၀ ခုနှစ်၊ဇွန်လ ၊၂၉ ရက်နေ့မှာ ထိမ်းမြှား.. လက်ထပ်ခဲ့ကြပြီး တစ်ယောက်ကို။ တစ်ယောက် ဝေးကွာခြင်းမရှိ...

Read More
Lifestyle


အသုဘပွဲက လူတိုင်းကို သူ့ရဲ့pre record လုပ်ထားတဲ့အသံဖိုင်နဲ့ ရယ်မောသွားအောင် စနောက်ခဲ့သေးတဲ့ ကွယ်လွန်သူအမျိုးသား အသုဘပွဲက အမှန်တကယ်ကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့အခမ်းအနားတစ်ခုပါ။သို့ပေမဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့ဈာပနာအခမ်းအနားသို့တက်ရောက်သူတိုင်းအား ရယ်မောခြင်းဖြင့် သူ့အသုဘပွဲကို အဆုံးသတ်သွားစေခဲ့ပါတယ်။သူဟာ သူ့ရဲ့အခေါင်းကို မြေမြုပ်ဖို့လုပ်တဲ့အချိန်မှာ သူရဲ့pre record လုပ်ထားတဲ့ အသံဖိုင်ကို ဖွင့်ပေးဖို့ မိသားစုတွေကို မှာခဲ့ပါတယ်။၎င်းအသံဖိုင်ကို ဖွင့်လိုက်တဲ့အချိန်မှာ ရလဒ်အနေနဲ့ သူ့သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေက ငိုရင်း ရယ်ရင်း ဖြစ်သွားခဲ့ရပါတယ်။ Shay Bradley အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ သူ့သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေအား ရယ်မောပျော်ရွှင်စေလိုတဲ့ ရာသက်ပန်အစအနောက်ပြောင်မြောက်သူလို့ လူသိများပါတယ်။ Ireland နိုင်ငံ Dublin မြို့မှ မြေး ၈ယောက်ရဲ့အဘိုးဖြစ်တဲ့ Shay ဟာ သူကွယ်လွန်တော့မှာကို သိနေခဲ့ပြ...

Read More
Lifestyle

ယောကျာ်းသားတွေမရှိ မိန်းမသားတွေသာ နေထိုင်တဲ့ရွာ

ယောကျာ်းသားတွေမရှိ မိန်းမသားတွေသာ နေထိုင်တဲ့ရွာ 1. မိန်းမသားတွေဘဲနေထိုင်တဲ့ရွာလေးကို Tiktok အသုံးပြုသူတစ်ဦးဖြစ်တဲ့ @themelomoon က video ရိုက်ပြီး social media ပေါ်မှာ မျှဝေခဲ့ပါတယ်။Kenya နိုင်ငံမှာရှိတဲ့ Umoja ဆိုတဲ့ ရွာလေးတစ်ရွာဟာ ယောက်ျားသားတွေ တစ်ယောက်လေးမျှမရှိပါဘူး။ အဲ့ဒီရွာလေးက အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းကင်းခိုလုံနိုင်တဲ့ သီးသန့်နေရာလေးဘဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ Rebecca Lolosolu ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ယောကျာ်းတစ်ယောက်က ဒုက္ခတွေ့စေခဲ့လို့ ဆေးရုံတက်ခဲ့ရပြီး နောက်တော့ သူမတစ်ယောက်ထဲဘဲရပ်တည်နေဖို့ ဆုံးဖြတ်ခဲ့ပြီး Umoja ရွာလေးကို တည်ထောင်ခဲ့တာပါ။ အဲ့ဒီရွာလေးမှာ မိန်းမသားတွေနဲ့ ကလေးတွေဘဲနေရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ချမှတ်ထားပါတယ်။ ဒီအမျိုးသမီးသီးသန့်ရွာလေးကတော့ ဒုက္ခသည်အမျိုးသမီးတွေ၊ အိမ်ထောင်မပြုဘဲ လွတ်လွတ်လပ်လပ်နေချင်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်မဆောင်နိုင်တဲ့ အမျိုးသမီးတွ...

Read More
Lifestyle

မတော်တဆခွဲလိုက်မိတဲ့ပန်းအိုးထဲမှာ အဖေ့ရဲ့လျှို့ဝှက်စုဆောင်းငွေတွေနဲ့ ပြည့်နေတာကို အမှတ်မထင်တွေ့ခဲ့တဲ့ မိန်းကလေး

မတော်တဆခွဲလိုက်မိတဲ့ပန်းအိုးထဲမှာ အဖေ့ရဲ့လျှို့ဝှက်စုဆောင်းငွေတွေနဲ့ ပြည့်နေတာကို အမှတ်မထင်တွေ့ခဲ့တဲ့ မိန်းက လက်ထပ်ထိမ်းမြားခြင်းမှာ ကျွန်တော်တို့မမြင်နိုင်တဲ့ အခြားတစ်ဘက်ခြမ်းမှ လျှို့ဝှက်တဲ့အရာများစွာ ရှိပါတယ်။တရုတ်ပြည် Guangxi ပြည်နယ် Guilin မြို့က အိမ်ထောင်သည်မောင်နှံတစ်စုံအတွက် မမြင်နိုင်တဲ့လျှို့ဝှက်ချက်ဟာ ပိုက်ဆံတွေနဲ့ပြည့်နှက်နေတဲ့အလှပန်းအိုးတစ်လုံးဘဲ ဖြစ်နေခဲ့ပါတယ်။အကြောင်းက ဇနီးဖြစ်သူဟာ အစပိုင်းတော့ ဧည့်ခန်းမှ အလှအိုးကွဲသွားတာကို နည်းနည်းလေးမှတောင် မလန့်သွားခဲ့ပါဘူး။ကွဲသွားတဲ့အိုးကို သွားကြည့်တော့ ဧည့်ခန်းမှာ အကြောဆန့်နေတဲ့သမီးဖြစ်သူက အိုးကွဲသွားတာမှန်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။သို့ပေမဲ့ ဇာတ်လမ်းက အဲ့ဒီမှာဘဲ အဆုံးသတ်ခွင့်မပေးခဲ့ပါဘူး။မိန်းမဖြစ်သူက “ ကျွန်မအိပ်ရာပေါ်ထိုင်နေတုန်း ဧည့်ခန်းမှာ အသံတစ်ခုခုကြားလိုက်တယ် ၊ ထွက်ကြည့်လိုက်တော့ ကွဲသွားတဲ့အိုးထဲမှာ ပိုက်ဆံနဲ့ပြည့်နေတာ...

Read More